လေယာဉ်နဲ့ခရီးသွားတုန်း ကောင်းကင်အမြင့်ပေ (၅၀) လောက်မှာ လေယာဉ်စက်ချို့ယွင်းမှုနဲ့ကြုံတွေ့ခဲ့ရတဲ့ အောင်မင်းခန့်နဲ့ စစ်သွေး

သရုပ်ဆောင် အောင်မင်းခန့်ကတော့ နိုင်ငံကျော်သရုပ်ဆောင်နိုင်းနိုင်းရဲ့ ညီတစ်ဝမ်းကွဲအဖြစ် ပရိသတ်တွေကြားမှာ လူသိများသူတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မင်းခန့်ကလည်း အခုဆိုရင် အနုပညာနယ်ပယ်မှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပြီး အလုပ်တွေကို တောက်လျှောက်ဆိုသလို လုပ်ကိုင်နေရပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အောင်မင်းခန့်နဲ့ စစ်သွေးတို့ဟာ အလုပ်ကိစ္စနဲ့ ပြည်တွင်းခရီးသွားရင်း လေယာဉ်စက်ချို့ယွင်းမှုနဲ့ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး စစ်သွေးက “ဘုရားစာတွေရွတ်တာလဲကုန်ပြီ။ လေယာဉ်တက်ပြီး ၅ မိနစ်လောက် အကြာမှာ လေယာဉ်စက် ချို့ယွင်းပါသဖြင့် ရန်ကုန်လေဆိပ်ကို ပြန်ဆင်းသက်ပါမယ်တဲ့။ ရန်ကုန်လေဆိပ်ကွင်းထဲကိုဆင်းတော့မယ်။ လေယာဉ်နဲ့မြေပြင် အမြင့် ပေ ၅၀ လောက်အကွာမှာ မိုးပေါ်ပြန်ထောင်တက်သွားပြန်ရော လိူင်မြစ်ကြီးကို ပတ်ပြီးမောင်းပြန်ရော၊ လေယာဉ်မယ်လဲအမျိုးမျိုး ကြော်ငြာတယ်။ သူလဲစကားတွေမှား တက်မှာလား ဆင်းမှာလား လေယာဉ်မယ်က ပြန်မပြောနိုင် ။ မိုးပေါ်အမြင့်ကြီးကို ပြန်ထောင်တက်တယ် လေယာဉ်က တော်တော်ကြာမှ စက်ချို့ယွင်းမှု ပြန်လည်ကောင်းမွန်သွားပါပြီတဲ့ ”

“ညီကို ၂ ယောက် မန်းလေး လေဆိပ်ရောက်မှစိတ် အေးရတယ်။ ခုထိ နှလုံးခုန်တာ မ မှန်သေးဘူး Aung Min Khant ဆိုရင် ကြောက်လိုက်တာမှ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့အန္တရာယ်ကင်းပြီးလိုရာခရီးကိုရောက်အောင်ပို့ပေးတဲ့ MNA က UB .585 လေယာဉ်မောင်း ပေးတဲ့လေယာဉ်မူးကြီးကိုအထူးကျေးဇူးပါ။” ဆိုပြီး ပြောလာပါတယ်။

အောင်မင်းခန့်နဲ့ စစ်သွေးတို့ကတော့ လေယာဉ်နဲ့ခရီးသွားတုန်း ကောင်းကင်အမြင့်ပေ (၅၀) လောက်မှာ လေယာဉ်စက်ချို့ယွင်းမှုနဲ့ကြုံတွေ့ခဲ့ရပေမယ့် ကျွမ်းကျင်တဲ့လေယာဉ်မှုးကြောင့် ဘေးမသီရန်မခပဲ လိုရာခရီးကိုရောက်ရှိသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Source: Xit Thway’ fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*