” ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်”

သင်ဒါတွေ သိပါသလား။ ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။ မိမိကိုယ်တိုင်ရော၊မိသားစု နှင့် သူငယ်ချင်းမိတ်ဆွေများအားလုံးကို လည်း လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါ …. နော်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်းသည် သာမန်အချိန် စီးကရက် ၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေအလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင်များက သတိပေးထားသည်။

(၂) သစ်သီးများ အလျင်စလိုမစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲသစ်သီးစားခြင်းသည် မှားယွင်းသောအစဉ်အလာတစ်ခုဖြစ်နေကြပါသည်။ အမှန်အားဖြင့် ထမင်းစား ပြီးပြီးချင်းသစ်သီးစားခြင်းကလေပွစေပြီး၊ အစာအိမ်ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့်ထမင်းစားပြီး အနည်းဆုံးနာရီ၀က်ခန့် ကြာမှသာ သစ်သီးစားသင့်သည်။

(ကျမ္မာရေးအမြင်ရှိသော ဟိုတယ်ကြီးများနှင့်စားသောက်ဆိုင်အချို့့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်းစသည့် တို့ကို အချိုပွဲအဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည်မသောက်ပါနှင့်။

လ္ဘက်ရည်အချိုခြောက်ထဲတွင် အက်ဆစ်ဓာတ်အမြောက်အများပါရှိကြပေရာ၊ ၄င်းတို့ကထမင်းဟင်းထဲတွင်ပါရှိသည့် ပရိုတင်း များကို အနှောင့််အယှက်ပြုကာအစာချေဖျက်မှုကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်းစားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊လုံချည်လျော့၀တ်ခြင်းက အူသိမ်အူမတို့ကို လိမ်ခေါက်၍ အူလမ်းကြောင်းပတ်ဆို့စေပါသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်းသည် လက်/ခြေထောက်နှင့်ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးလည်ပတ်စီးဆင်းမှု တိုးပွားလာပြီး၊အစာအိမ်တဝုိက် သွေးလည်ပတ်စီးဆင်းမှု လျော့ကျလာသောကြောင့်အစာအိမ်ကောင်းစွာအလုပ်မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်းမလျှောက်ပါနှင့်။

ရှေးလူကြီးမျာက “ထမင်းစားပြီးအချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟုအဆိုရှိခဲ့ကြလေ၏။ ထိုအဆိုမှာ တက်တက်စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင်များက အတည်ပြုထားကြသည်။

အကြောင်းရင်းမှာထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းက ဗိုက်အောင့်စေတတ်ပြီး၊ထမင်းဟင်းထဲမှပါ၀င်သော အာဟာရစုပ်ယူရန်အတွက် အစာချေစံနစ်ကို အနှောင့်အယှက်ဖြစ် စေတတ်သည်။ (ထမင်းစားပြီး ငြိမ်ငြိမ်ထိုင်နေရမည်ဟု မဆိုလိုပါ)

ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီးပါက အနည်းဆုံး၁၅-မိနစ်ခန့် မတ်တပ်ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်းလှဲအိပ်ခြင်းသည် အစာကောင်းစွာမကျေညက်စေတော့ဘဲ၊အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူများကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစားမလုပ်ပါနှင့်။

အားကစားမလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီခန့်ကြိုတင်၍ထမင်းစားထားပါ။ သို့မဟုတ်ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်)ရုတ်တရက်နှလုံးခုန်ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

#Credit

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Be the first to comment

Leave a Reply

Your email address will not be published.


*