အခြေအနေလိုအပ်ချက်တွေကြောင့် လျို့ဝှက်ချက်တွေပါ ထုတ်ပြောမိလိုက်တဲ့ ဗိုလ်နဂါး

NUGအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ပေးထားတဲ့ကတိအတိုင်းလက်နက်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို

RiSE News | မေ ၈

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)ကို လက်နက်တပ်ဆင်ပေးဖို့ ကတိပေးထားတဲ့အတိုင်း တာဝန်ယူတပ်ဆင်ပေးဖို့ MRDAခေါင်းဆောင် ဗိုလ်နဂါးက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ MRDAအခြေစိုက်ရာဒေသကို ထိုစစ်ဆင်ပြီး ခြေမှုန်းဖို့ စတင်ပြင်ဆင်နေပြီလို့လည်း ဗိုလ်နဂါးကဆိုပါတယ်။

NUGအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံဆွေးနွေးချိန်က MRDAတပ်ရင်းအားလုံးကို လက်နက်ချက်ချင်းတပ်ဆင်ပေးဖို့မဖြစ်နိုင်ပေမယ့် တပ်ရင်း၁ရင်းစာကို ၁လအတွင်း လက်နက်တပ်ဆင်ပေးမယ်လို့ ဂတိပေးထားခဲ့ပြီး ဒါကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ ဗိုလ်နဂါးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စာရေးသားတောင်းဆိုထားတာပါ။

အဆိုပါစာရေးသားတောင်းဆိုမှုကို ဗိုလ်နဂါးရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပြီး နာရီပိုင်းအကြာမှာတော့ ပြန်လည်ဖြုတ်ချသွားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဦးရည်မွန်က အခုလို ၁လအတွင်းလက်နက်တပ်ဆင်ပေးဖို့ကတိပေးထားတာဖြစ်ကြောင်း ဗိုလ်နဂါးရဲ့ စာရေးသားတောာင်းဆိုမှုမှာပါရှိပါတယ်။

အဆိုပါ တပ်ရင်းတရင်းစာလက်နက်တပ်ဆင်ပေးပါရန်တင်ပြခြင်းကိစ္စကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA – Yangonရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ဆက်လက်ဖော်ပြထားဆဲဖြစ်ပါတယ်။


RiSE News | မေ ၈

Be the first to comment

Leave a Reply

Your email address will not be published.


*