ငွေဆောင်အလှပြ ဆင်စခန်းတွင် အသက် ၉ နှစ်အရွယ် ကလေးတဦး ဆင်နင်းခံရပြီးသေဆုံး

ငွေဆောင်အလှပြ ဆင်စခန်းတွင် အသက် ၉ နှစ်အရွယ် ကလေးတဦး ဆင်နင်းခံရပြီးသေဆုံး

ဧရာဝတီတိုင်းမ်၊ မေလ ၈ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှာ မေလ ၅ ရက်နေ့က အလှပြဆင်စခန်းမှာ အသက် ၉ နှစ် အရွယ် ကလေးတဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သဇင်ကျေးရွာအုပ်စု ရေသိုးကျေးရွာမှာရှိတဲ့ အလှပြဆင်စခန်းမှာ ဆင်ဦးစီး ဦးဖာရဲ့သား အသက် ၉ နှစ်အရွယ် မောင်ဂျိမ်းမှာ ညနေပိုင်း ချောင်းထဲရေခပ်သွားချိန်မှာ ဆင်နင်းခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သေသွားတဲ့ကလေးက ဆင်တွေရေချိုးပေးပြီးလို့ ရေခပ်သွားတဲ့အချိန်မှာ တောဆင်ရိုင်းတွေ ရောက်လာပြီး နင်းသွားတာလို့ ကြားတယ် နည်းနည်းဝေးတော့ သွားတော့မကြည့်ဖြစ်ဘူး ဖြစ်သွားတာတော့ ကြားတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

ရေသိုးကျေးရွာအနီးက တောထဲမှာ မကြာခဏဆိုသလို တောဆင်ရိုင်းတွေ လှည့်လည်အစာရှာလေ့ရှိပြီး ကလေးတဦးတဲ့သွားတဲ့အချိန်မှာ အနင်းခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ မကြာခဏဆိုသလို တော ဆင်ရိုင်းတွေ အသတ်ခံရလေ့ရှိပြီး တနှစ်ကိုအနည်းဆုံး ဆင်နင်းခံရလို့ ၂ ဦးသေဆုံးလေ့ရှိတယ်လို့ သစ်တော ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။ Crd- ဧရာဝတီတိုင်းမ်


ဧရာ၀တီတိုင်းမ်၊ မေလ ၈ ရက်။


သဇင်ကျေးရွာအုပ်စု ရေသိုးကျေးရွာမှာရှိတဲ့ အလှပြဆင်စခန်းမှာ ဆင်ဦးစီး ဦးဖာရဲ့သား အသက် ၉ နှစ်အရွယ် မောင်ဂျိမ်းမှာ ညနေပိုင်း ချောင်းထဲရေခပ်သွားချိန်မှာ ဆင်နင်းခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သေသွားတဲ့ကလေးက ဆင်တွေရေချိုးပေးပြီးလို့ ရေခပ်သွားတဲ့အချိန်မှာ တောဆင်ရိုင်းတွေ ရောက်လာပြီး နင်းသွားတာလို့ ကြားတယ် နည်းနည်းဝေးတော့ သွားတော့မကြည့်ဖြစ်ဘူး ဖြစ်သွားတာတော့ ကြားတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

ရေသိုးကျေးရွာအနီးက တောထဲမှာ မကြာခဏဆိုသလို တောဆင်ရိုင်းတွေ လှည့်လည်အစာရှာလေ့ရှိပြီး ကလေးတဦးတဲ့သွားတဲ့အချိန်မှာ အနင်းခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ မကြာခဏဆိုသလို တော ဆင်ရိုင်းတွေ အသတ်ခံရလေ့ရှိပြီး တနှစ်ကိုအနည်းဆုံး ဆင်နင်းခံရလို့ ၂ ဦးသေဆုံးလေ့ရှိတယ်လို့ သစ်တော ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။

Crd- ဧရာ၀တီတိုင်းမ်

Be the first to comment

Leave a Reply

Your email address will not be published.


*