တိုင်းရင်းသား စစ်ဘေးရှောင်တွေနဲ့ ပက်သတ်ပြီး လေးနက်တဲ့ စကားလုံးလေးတွေနဲ့ ရင်ဖွင့်ပြောပြလာခဲ့တဲ့ မထက်

တိုင်းရင်းသားစစ်ဘေးရှောင်တွေနဲ့ပက်သတ်ပြီး တစ်သက်လုံးကိုယ်ချင်းစာရကောင်းမှန်း သေချာနားမလည်ခဲ့ဘူးဆိုတဲ့ မထက်

နာမည်ကြီး မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်တဲ့ မထက်ကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်စွာလျှောက်လှမ်းနေတာပဲ ဖြစ်ပါ တယ်။ မထက်က အလှဖန်တီးရှင်အဖြစ် ပရိသတ်အချစ်တော် အနုပညာရှင်များစွာကို ပြင်ဆင်ခြယ်သပေးနေရသလို ကိုယ်ပိုင်အလှပြင် သင်တန်းကို လည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

LGBT တစ်ယောက်လည်းဖြစ်တဲ့ မထက်ကတော့ မိန်းကလေးရှုံးရအောင် လှပသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ မထက်ဟာ (၅၀၅) စာရင်းက ပယ်ဖျက်ခံရပြီးတဲ့နောက် အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဆိုပေမယ့် သွေးမအေးသေးပဲ သူမတတ်နိုင်တဲ့ဘက်ကနေ အမြဲတမ်းကူညီပါဝင်ပေးနေလျက်ရှိပါတယ်။

 

အရင်က တစ်နိုင်ငံလုံးနီးပါး စစ်ကောင်စီရဲ့ ဝါဒမှိုင်းတွေမိခဲ့ပြီး တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ မသိနားမလည်ခဲ့တဲ့အထဲမှာ မထက်လည်း အပါအဝင်ဖြစ်ခဲ့ကြောင်း “တစ်သက်လုံး ကိုယ်ချင်းစာရကောင်းမှန်းသေချာနားမလည်ခဲ့ဘူး။ အခုစာနာတတ်ပေမယ့် ဘာမှမလုပ်ပေးနိုင်လို့ အားနာရတယ်။ အခုလုပ်နေတာကတော့ ဆုတောင်းပေးလိုက် ဆဲလိုက်ပါပဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာပါတယ်။

မထက်ကတော့ တိုင်းရင်းသားလူမျိုးတွေနဲ့ စစ်ဘေးရှောင်တွေနဲ့ပက်သတ်ပြီး တစ်သက်လုံးကိုယ်ချင်းစာရကောင်းမှန်း သေချာနားမလည်ခဲ့ပေမယ့် အခုအခါမှာတော့ မထက်အပါအဝင် တစ်နိုင်ငံလုံးက အရာအားလုံးရှင်းရှင်းလင်းလင်းသိသွားခဲ့ပြီပဲဖြစ်ပါတယ်။

Credit

Unicode
တိုင်းရင်းသားစစ်ဘေးရှောင်တွေနဲ့ပက်သတ်ပြီး တစ်သက်လုံးကိုယ်ချင်းစာရကောင်းမှန်း သေချာနားမလည်ခဲ့ဘူးဆိုတဲ့ မထက်


LGBT တစ်ယောက်လည်းဖြစ်တဲ့ မထက်ကတော့ မိန်းကလေးရှုံးရအောင် လှပသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ မထက်ဟာ (၅၀၅) စာရင်းက ပယ်ဖျက်ခံရပြီးတဲ့နောက် အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဆိုပေမယ့် သွေးမအေးသေးပဲ သူမတတ်နိုင်တဲ့ဘက်ကနေ အမြဲတမ်းကူညီပါဝင်ပေးနေလျက်ရှိပါတယ်။

အရင်က တစ်နိုင်ငံလုံးနီးပါး စစ်ကောင်စီရဲ့ ဝါဒမှိုင်းတွေမိခဲ့ပြီး တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ မသိနားမလည်ခဲ့တဲ့အထဲမှာ မထက်လည်း အပါအဝင်ဖြစ်ခဲ့ကြောင်း “တစ်သက်လုံး ကိုယ်ချင်းစာရကောင်းမှန်းသေချာနားမလည်ခဲ့ဘူး။ အခုစာနာတတ်ပေမယ့် ဘာမှမလုပ်ပေးနိုင်လို့ အားနာရတယ်။ အခုလုပ်နေတာကတော့ ဆုတောင်းပေးလိုက် ဆဲလိုက်ပါပဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာပါတယ်။

မထက်ကတော့ တိုင်းရင်းသားလူမျိုးတွေနဲ့ စစ်ဘေးရှောင်တွေနဲ့ပက်သတ်ပြီး တစ်သက်လုံးကိုယ်ချင်းစာရကောင်းမှန်း သေချာနားမလည်ခဲ့ပေမယ့် အခုအခါမှာတော့ မထက်အပါအဝင် တစ်နိုင်ငံလုံးက အရာအားလုံးရှင်းရှင်းလင်းလင်းသိသွားခဲ့ပြီပဲဖြစ်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*