အုပ်စုလိုက် အဓ္ဓမပြုကျင့်တာခံရလို့ လာရောက်တိုင်တန်း တဲ့ အသက်၁၃နှစ်မိန်းကလေးကို ရဲကပါ ထပ်ပြီး…

အုပ်စုလိုက် အဓ္ဓမပြုကျင့်တာခံရလို့ လာရောက်တိုင်တန်း တဲ့ အသက်၁၃နှစ်မိန်းကလေးကို ရဲကပါ ထပ်ပြီး…

အုပ်စုလိုက် – ုဒိမ်းကျင့်တာခံရလို့ လာရောက်တိုင်တန်းတဲ့ အသက် ၁၃ နှစ်အရွယ်မိန်းကလေးကို အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥသာပရာဒက်ချ် ပြည်နယ်က ရဲအရာရှိ တစ်ဦး အဓ္ဓမပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်

၎င်း ရဲအရာရှိ ထွက်ပြေးသွားကြောင်း သိရပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် အပေါ်ရာဇဝတ်မှု ဆိုင်ရာ စွဲချက်တင်ထားပြီး ရာထူးက ရပ်စဲထားကြောင်း အကြီးတန်း ရဲ အရာရှိ တစ်ဦး ကပြောကြား ပါတယ်။

ပြီးခဲ့တဲ့ လအတွင်း အမျိုးသားလေးဦး က သူ့ကို အဓ္ဓမပြုကျင့် ခဲ့တယ်လို့ အဆိုပါ မိန်းကလေး က စွပ်စွဲ ထားပါတယ်။

ဒီသတင်း ကြောင့် အိန္ဒိယ နိုင်ငံတစ်ဝန်း ဒေါသထွက်နေကြပြီး လူမှု မီဒီယာ ပေါ်မှာ ဒေါသတကြီး တုန့်ပြန်ပြောဆိုနေကြပါတယ်။

ရဲတပ်ဖွဲ့ သို့ တိုင်ကြားမှု အတွင်း အဆိုပါ မိန်းကလေး ရဲ့ ဖခင် ဖြစ်သူက အမျိုးသားလေးဦး ဟာ သူ့ သမီး ကို အိမ်နီးချင်း မက်ဒဟာ ပရာဒက်ချ် ပြည်နယ်သို့ ခေါ်ဆောင်သွားပြီး

လေးရက်ကြာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် အဆိုပါ အမျိုးသားလေးဦးက သူ့ကို သူနေထိုင်တဲ့ ရွာဆီပြန်လည် ပို့ဆောင်ပြီး ထွက်ပြေးသွားကြကြောင်း သိရပါတယ်။

နောက်တစ်ရက်မှာ အဒေါ် ဖြစ်သူ နဲ့ အတူ ရဲစခန်းမှာ တိုင်ချက်လာဖွင့်ချိန် ဒေသဆိုင်ရာ ရဲစခန်း တာဝန်ခံ ရဲအရာရှိက အဆိုပါ မိန်းကလေးကို အဓ္ဓမပြုကျင့် ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူအများ ဒေါသထွက်နေကြ ပြီး အိန္ဒိယ ရဲ့ လူနေ အထူထပ်ဆုံး ပြည်နယ် မှာ တရားဥပဒေ စိုးမိုးမှုအပေါ် လူအများက မေးခွန်းထုတ်နေကြ ပါတယ်။

အမျိုးသမီးများ အတွက် ရဲ စခန်းတွေ ဟာ အန္တရာယ်မကင်းတော့ ဘူးဆိုရင် ဘယ်နေရာမှာ သွားတိုင်ရမလဲ လို့ ကွန်ဂရက်စ် ပါတီ ခေါင်းဆောင် က တွစ်တာ ပေါ်မှာ ရေးသားထားပါတယ်။

၂၀၁၂ ဒီဇင်ဘာလ က အမျိုးသမီးငယ်တစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုလိုက် အဓ္ဓမပြုကျင့်တာ ခံခဲ့ရပြီး နောက်လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ နဲ့ မုဒိမ်းမှု များကို လူအများ အာရုံစိုက်လာကြပြီး

အဆိုပါ သတင်းကြောင့် နိုင်ငံတကာက လည်းဒေါသထွက်ခဲ့ကြပါတယ်။ ဥပဒေ တင်းကြပ်ပြီး စစ်ဆေး အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေပေမယ့် အိန္ဒိယ မှာ မုဒိမ်းမှုများ နှစ်စဉ် ဖြစ်ပွားနေကြောင်းသိရပါတယ်။

Credit Original writer

Be the first to comment

Leave a Reply

Your email address will not be published.


*