ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ကာ ပြည်သူ့ရဲဘော်ဘဝကိုခံယူထားတဲ့ MRTV အစီအစဥ်တင်ဆက်သူ ဦးကျော်သက်လင်း

ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ကာ ပြည်သူ့ရဲဘော်ဘဝကိုခံယူထားတဲ့ MRTV အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်း

မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေက ဖေဖော်ဝါရီလကစခဲ့တဲ့ နိုင်ငံရေးမီးလောင်ကျွမ်းနေတာ အခုဆိုရင် (၁၀)လကျော် အချိန်ကြာမြင့်ခဲ့ပါပြီ။ အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပေါ်ပေါက်လာခဲ့သလို နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။

အဲ့အထဲမှာမှ အာဏာစသိမ်းခဲ့တဲ့ အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ ဦးကျော်သက်လင်းက MRTV ရဲ့ ဝါရင့် အစီအစဉ်တင်ဆက်သူဖြစ်ပြီး နိုင်ငံတော်ပွဲများနှင့် အကယ်ဒမီပေးပွဲတွေမှာ အစီအစဉ်တင်ဆက်သူလည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဦးကျော်သက်လင်းဟာ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေပြီး ပြည်သူ့ရဲဘော်ဘဝကိုခံယူထားတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့မိသားစုနှောင်ကြိုးတွေ၊ အောင်မြင်မှုတွေနဲ့ အရာရာကိုစွန့်လွှတ်ခဲ့တဲ့ ဦးကျော်သက်လင်းက ယနေ့မနက်မှာ ယူနီဖောင်း အပြည့်အစုံဝတ်ထားတဲ့ ပုံလေးနဲ့အတူ ” Morningပါဗျာ ချစ်ရတဲ့ပြည်သူများ စောစောစီးစီးရေချိုးပြီး…” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ မိတ်ဆွေတွေကလည်း အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက် ဂုဏ်ယူဝမ်းမြောက်နေကြတာပဲ ဖြစ်ပါတယ်။
Credit – MYANMAR LOAD

Unicode

Be the first to comment

Leave a Reply

Your email address will not be published.

*