သဘာဝကျပြီး ချစ်စရာကောင်းတဲ့ Pre Wedding လေးကို ပုံဖော်ရိုက်ကူးထားတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

မောင် နဲ့ ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦးကတော့ တစ်ခေတ်တခါက အနုပညာနယ်မှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့ရင်ထဲမှာရပ်တည် ထားခဲ့တဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် နာလည်မှုတွေရှိပြီး အေးချမ်းသာယာတဲ့ ချစ်သူခရီးလမ်းကို အတူတကွလျှောက်လှမ်းကာ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို နှစ်လကြာရှည်စွာ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ယောက်လုံးကလည်း စိတ်တူကိုယ်တူတွေဖြစ်ပြီး ပျော်ပျော်ပါးပါး နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားကျနေရတာပါ။ ဒီလိုချစ်ခင်အားကျရတဲ့ ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှစ်ဦးသဘောတူ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးထားခဲ့ကာ မကြာခင်မှာ ကြည်နူးစရာ မင်္ဂလာလက်ထပ်ပွဲလေးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ယခုမှာတော့ မောင်နဲ့ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေ ကြည်နူးသဘောကျစေမယ့် Pre Wedding လေးကို ရိုက်ကူးပြီး ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေမှာတော့ မောင် နဲ့ ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦး ကတော့ မွန်ရိုးရာဝတ်စုံလေးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတာပါ။

ပိုပြီးထူးခြားတာကတော့ အခြား Pre Wedding တွေနဲ့မတူဘဲ ဘာပကာသနမှမပါတဲ့ မော်လမြိုင်မြို့ရှိလမ်းဘေးက တကယ့်အမှတ်ရစေခဲ့တဲ့ ဆိုင်လေးတွေမှာလိုက်စားပြီး ချစ်ဖို့ကောင်းတဲ့အပြုံးတွေနဲ့ သဘာဝကျကျ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အရမ်းချစ်စရာကောင်းတဲ့ Pre weeding ကို လက်တွေ့ဆန်တဲ့ ပတ်ဝန်းကျင်ထဲမှာ ရိုက်ကူးထားတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း ချစ်ခင်သဘောကျနေတာ တွေ့ရပါတယ်။

Credit – MYANMR LOAD

Unicode

Add a Comment

Your email address will not be published.