ရွှေတေအတုံးလိုက်ဝတ်ကာ ကိုယ်တိုင်စားပွဲထိုးနေတဲ့ လမ်းဘေးဟော့ပေါ့ဆိုင်ပိုင်ရှင်

ရွှေတွေအတုံးလိုက်ဝတ်ပြီး ဈေးရောင်းနေတဲ့ဗီယက်နမ်က ဟော့ ပေါ့ဆိုင်ပိုင်ရှင်အမျိုးသား

မျက်လုံးပါပြူးသွားလောက်တဲ့ တစ်ကိုယ်လုံး ရွှေတွေကွပ်ထားတဲ့ ဗီယက်နမ်က အမျိုးသားက အင်တာနက်စာမျက်နှာပေါ် လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ Do Ngoc Thuan Seven Ball လို့ အမည်ရတဲ့ အမျိုးသားဟာ ဟော့ပေါ့ဆိုင်ပိုင်ရှင်ပါ။မြင်ရ သမျှ သူဝတ်ထားတဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးပေါ်က ရွှေတွေဟာ ၅ ကီလိုဂရမ်ကျော်ပါတယ်တဲ့။

မသာမသူတွေရဲ့ အသက်ဘေးအန္တရာယ်ကိုမှ မကြောက် ဒီလိုဝတ်ရဲတဲ့ သတ္တိက မနည်းဘူးလို့ လူတွေတော့ စူးစမ်းပြောကြပါတယ်။

တချို့ကလည်း ဒီလက်ဝတ်ရတနာတွေက အတုပါလို့ ဝေဖန်သူတွေရှိကြပါတယ်။ ဒီဝေဖန်မှုတွေအပေါ် Do Ngoc Thuan က လာရောက်စစ်ဆေးကြည့်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ဟော့ပေါ့ဆိုင်ပိုင်ရှင် Do Ngoc Thuan ရဲ့ ဒီလို ရွှေတွေဝတ်ခြင်းအားဖြင့် သူ့အတွက် စီးပွားရေးလာဘ်လာဘတွေ ဖိတ်ခေါ်တယ်လို့ ယူဆပြီး ဝတ်ဆင်တယ်လို့ သိရပါတယ်။

သူက ရှာဖွေလို့ ရလာသမျှကို ရွှေလက်ဝတ်ရတနာပစ္စည်းတွေ ဝယ်ယူဝတ်ဆင်ပြီးရင်းနှီးမြှုပ်နှံတယ်လို့ ဆိုပါတယ်။ နေ့တိုင်း ဒီလောက် လေးလံပြီး များပြားလှတဲ့ ရွှေလက်ဝတ်ရတနာပစ္စည်းတွေ ဝတ်ဆင်ပြီး ဈေးရောင်းရတာဟာ

သူ့ အတွက် ပျော်စရာကောင်းပြီး ဖောက်သည်တွေလည်း ထပ်တိုးရလာကာ စားသုံးသူတွေကလည်း သူ့ဆိုင်ကို လာရောက်ပြီး ကံကောင်းခြင်းတွေအတွက် ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Do Ngoc Thuan ဧရာမကြီးမားတဲ့ ရွှေလက်စွပ် ၁၀ ကွင်းလည်ပင်းရိုးကိုင်းမတတ်လေးလံစေတဲ့ ရွှေလည်ဆွဲ ၃၀အခေါက် ရွှေ အပြားကြီး လက်ကောက်တွေကလည်း

ဘယ်ညာအပြည့်နဲ့ ဝတ်ဆင်ပြီး သူကိုယ်တိုင်ကို ချက်ပြုတ်ပြင်ဆင်ပေးနေကာ ဟော့ပေါ့ဆိုင်မှာ ဧည့်သည်တွေကို ဧည့်ခံရောင်းချ ပေးနေတာကို တွေ့ရပါတယ်။

zawgyi




မသာမသူတှရေဲ့ အသကျဘေးအန်တရာယျကိုမှ မကွောကျ ဒီလိုဝတျရဲတဲ့ သတ်တိက မနညျးဘူးလို့ လူတှတေော့ စူးစမျးပွောကွပါတယျ။

တခွို့ကလညြး ဒီလကဝြတရြတနာတှကေ အတုပါလို့ ဝဖနေသြူတှရှေိကှပါတယြ။ ဒီဝဖနေမြှုတှအပေေါြ Do Ngoc Thuan က လာရောကစြဈဆေးကှည့ဖြို့လညြး ဖိတခြေါထြားပါတယြ။

ဟော့ပေါ့ဆိုငပြိုငရြှငြ Do Ngoc Thuan ရဲ့ ဒီလို ရှှတှဝေတေခြှငြးအားဖှင့ြ သူ့အတှကြ စီးပှားရေးလာဘလြာဘတှေ ဖိတခြေါတြယလြို့ ယူဆပှီး ဝတဆြငတြယလြို့ သိရပါတယြ။





Add a Comment

Your email address will not be published.