နိုင်ငံခြားသားရဲ့ကားထဲမှာတောင် ရေမွန်ရဲ့သီချင်းကိုကြိုက်နှစ်သက်လို့ ဖွင့်နားထောင်နေတဲ့ ဗီဒီယိုလေးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရတဲ့ လပြည့်ကဗျာ

Idiots လို့ပြောလိုက်တာနဲ့ သီချင်းကောင်းတွေနဲ့ အရွယ်အတန်းအစားမရွေးတဲ့ ပရိတ်သတ်တွေကြား ရေပန်းစားအောင်မြင်ကျော်ကြားတဲ့ Band အဖြစ် အားလုံးကသိကြပါတယ်အထူးသဖြင့် Band ရဲ့ အဆိုတော်ဖြစ်တဲ့ ရေမွန် ကတော့ လူကြီးလူငယ်မရွေး ယောကျာ်းမိန်းမမရွေး ပရိတ်သတ်များစွာက ချစ်ခင်အားပေးကြတဲ့ နိုင်ငံကျော်တေးသံရှင် ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ မာန်မာနလုံးဝမရှိပဲ ပရိတ်သတ်အပေါ်မှာ အရမ်းဂရုစိုက်တတ်တဲ့အတွက် ပိုမိုအောင်မြင်ကျော်ကြား တာပဲဖြစ်ပါတယ်ရေမွန်ဟာ တေးသီချင်းများရေးသားခြင်း၊တေးသီချင်းများသီဆိုခြင်း အစရှိတဲ့ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့ သီချင်းတချို့ဖြစ်တဲ့ “တခန်းရပ်၊ဆုလာဘ်၊ဘာလိုနေသေးလဲ၊ဝမ်းနည်းတတ်တဲ့ချစ်သူ၊ချန်ခဲ့” အစရှိတဲ့သီချင်းတွေဟာလည်းပရိတ်သတ်ကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက နိုင်ငံခြားသားကတောင် ရေမွန့်သီချင်းကို စွဲစွဲလန်းလန်းကြိုက်တယ်ဆိုတဲ့ ဗီဒီယိုကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရဆိုပြီး ပြောလာပါတယ်။ရေမွန်ရဲ့သီချင်းလေးကို “ရေမွန်ရေ.. ငါ့ညီမရဲ့ friend (နိုင်ငံခြားသား) က သူ့ကားထဲ နင့်သီချင်းဖွင့်နေတာမြင်တော့ ငါအံ့ဩသွားတာ။ မြန်မာသီချင်းတွေထဲက I really like Raymond တဲ့ ။ သူ့ playlist ထဲ နင့်သီချင်းတွေချည်းပဲ။ May God bless you always ကွယ်” ဆိုတဲ့ စာလေးနဲ့တကွ ဗီဒီယိုလေးကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒီ့ဗီဒီယိုလေးကို လပြည့်ကဗျာက Share ပြီး “ဝမ်းနည်းဝမ်းသာ ခံစားချက်ကြီးဖြစ်မိတာ နှမြောတာလဲပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်ကို ပြောလာပါတယ်။
Credit

Add a Comment

Your email address will not be published.