တစ်နှစ်ပတ်လုံး မွေးနေ့လက်ဆောင် အမြဲရချင်၍ အမျိုးသမီး ၃၅ဦးနှင့် ချိန်းတွေ့ကာ လိမ်လည်ခဲ့သော အမျိုးသား အဖမ်းခံရ

မွေးနေ့သည် လူတိုင်းအတွက် တစ်နှစ်လျှင် တစ်ခါသာ ကျရောက်ပြီး ထိုနေ့လေးတွင် ချစ်သောသူများမှ လက်ဆောင် ပစ္စည်းများပေးကြရင်း ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံမှ Takashi Miyagawa အမည်ရှိသော အသက် ၃၉နှစ်အရွယ် အမျိုးသားသည် ကုမ္ပဏီတစ်ခုတွင် အချိန်ပိုင်းအလုပ်သမားတစ်ဦးဖြစ်ပြီး အမျိုးသမီး ၃၅ယောက်ဆီကနေ တန်ဖိုးရှိ လက်ဆောင် ပစ္စည်းများ လိမ်လည်ယူခဲ့ပြီး အလိမ်ပေါ်သွား၍ အဖမ်းခံခဲ့ရသည်။

အမျိုးသားသည် မွေးနေ့လက်ဆောင်ရခြင်းကို သဘောကျပြီး တစ်နှစ်ပတ်လုံး မိန်းကလေးတွေဆီကနေ လက်ဆောင်မပြတ် လိုချင်ခဲ့၍ ရည်းစား ၃၅ယောက်ထားခဲ့ပြီး အကုန်လုံးကို တကယ် လက်ထပ်မှာဆိုပြီး လိမ်ခဲ့လိုက်သေးသည်။

ထိုသို့ လိမ်လည်ရာတွင် အမျိုးသားသည် ပိုက်ဆံရှိ တစ်ယောက်တည်းသမား အပျိုကြီးများကိုသာ ဦးစားပေး ပစ်မှတ်ထားခဲ့ရင်းတစ်နှစ်ပတ်လုံးရသမျှ မွေးနေ့လက်ဆောင်များကို စုဆောင်းခဲ့သည်။

အမျိုးသမီးများသည်လည်းသူလိမ်လည်နေတာကိုသိရှိခဲ့ပြီးရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားခဲ့ရာသူလိမ်လည်ခဲ့သောအဝတ်အစားများနှင့်ဂျပန်ငွေ ယန်း၁သိန်း နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

Zawgyi

တစ်နှစ်ပတ်လုံး မွေးနေ့လက်ဆောင် အမြဲရချင်၍ အမျိုးသမီး ၃၅ဦးနှင့် ချိန်းတွေ့ကာ လိမ်လည်ခဲ့သော အမျိုးသား အဖမ်းခံရ

မွေးနေ့သည် လူတိုင်းအတွက် တစ်နှစ်လျှင် တစ်ခါသာ ကျရောက်ပြီး ထိုနေ့လေးတွင် ချစ်သောသူများမှ လက်ဆောင် ပစ္စည်းများပေးကြရင်း ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံမှ Takashi Miyagawa အမည်ရှိသော အသက် ၃၉နှစ်အရွယ် အမျိုးသားသည်ကုမ္ပဏီတစ်ခုတွင်အချိန်ပိုင်းအလုပ်သမားတစ်ဦးဖြစ်ပြီး အမျိုးသမီး ၃၅ယောက်ဆီကနေ တန်ဖိုးရှိ လက်ဆောင် ပစ္စည်းများ လိမ်လည်ယူခဲ့ပြီး အလိမ်ပေါ်သွား၍ အဖမ်းခံခဲ့ရသည်။

အမျိုးသားသည် မွေးနေ့လက်ဆောင်ရခြင်းကို သဘောကျပြီး တစ်နှစ်ပတ်လုံး မိန်းကလေးတွေဆီကနေ လက်ဆောင်မပြတ် လိုချင်ခဲ့၍ ရည်းစား ၃၅ယောက်ထားခဲ့ပြီး အကုန်လုံးကို တကယ် လက်ထပ်မှာဆိုပြီး လိမ်ခဲ့လိုက်သေးသည်။

ထိုသို့ လိမ်လည်ရာတွင် အမျိုးသားသည် ပိုက်ဆံရှိ တစ်ယောက်တည်းသမား အပျိုကြီးများကိုသာ ဦးစားပေး ပစ်မှတ်ထားခဲ့ရင်း တစ်နှစ်ပတ်လုံး ရသမျှ မွေးနေ့လက်ဆောင်များကို စုဆောင်းခဲ့သည်။

အမျိုးသမီးများသည်လည်း သူလိမ်လည်နေတာကို သိရှိခဲ့ပြီး ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ သူလိမ်လည်ခဲ့သော အဝတ်အစားများနှင့် ဂျပန်ငွေ ယန်း၁သိန်း နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

crd

Add a Comment

Your email address will not be published.