ကွယ်လွန်ခြင်း (၁၅)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင် ဒွေး




Credit

UNICODE
ကွယ်လွန်ခြင်း (၁၅)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင် ဒွေး

မြန်မာ့ရုပ်ရှင်လောက ရဲ့ ဆရာတစ်ဆူအဖြစ်သတ်မှတ်ခံထားရသူများထဲ တစ်ဦးအပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲ ယနေ့ထက်တိုင် စွဲလန်းရတဲ့ အနုပညာရှင်လို့ဆိုလာရင် ကိုသားကြီးလို့လူသိများကြတဲ့ မင်းသား ဒွေး ကိုပဲ ဖော်ပြရမှာပါ။

ဒွေး ဟာ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သဘာဝဆန်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲအထိ နေရာယူထားရုံသာမက ပရိသတ်အချစ်တွေကိုပါ သိမ်းပိုက်ထားတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သိပ်ကိုအောင်မြင်ခဲ့တဲ့ ကိုသားကြီး ဟာ လွန်ခဲ့တဲ့ (၂၀၀၇)ခုနှစ် ၊ ဇူလိုင်(၁၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး ဒီကနေ့ဟာ ကိုသားကြီး ကွယ်လွန်ခြင်းအထိမ်းအမှတ် (၁၅)နှစ်ပြည့်ပဲဖြစ်ပါတယ်။ ကိုသားကြီးတစ်ယောက်ရောက်လေရာဘုံဘဝမှာ အမြဲပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ၊ ပရိသတ်ကလည်းဘယ်တော့မှမေ့မရတဲ့အပြင် အမြဲလွမ်းနေ သတိရနေ ချစ်နေဆဲပါလို့ပြောကြားရင်း ကိုသားကြီး ရဲ့ အမှတ်တရပုံတွေ ဖော်ပြလိုက်ရပါတယ်။
Credit

Add a Comment

Your email address will not be published.