အနုပညာ ခြေလှမ်းအသစ်တွေနဲ့ ပရိသတ်တွေအရှေ့ကို ရောက်ရှိလာတော့မယ့် သရုပ်ဆောင်ညိုလင်းထက် ရဲ့ သားလေး ဟန်ဘုန်းထက်

ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ သရုပ်ဆောင်ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့ သားလေး ဟန်ဘုန်းထက်




Credit

UNICODE
အနုပညာ ခြေလှမ်းအသစ်တွေနဲ့ ပရိသတ်တွေအရှေ့ကို ရောက်ရှိလာတော့မယ့် သရုပ်ဆောင်ညိုလင်းထက် ရဲ့ သားလေး ဟန်ဘုန်းထက်

အကယ်၍ သင်က 90 Born တစ်ယောက်ဆိုရင် VCD မင်းသား ၊ မင်းသမီး ချောတွေ ဖြစ်ကြတဲ့ မင်းသားညိုလင်းထက် နဲ့ မင်းသမီး သူရီလင်းသစ်တို့ကို သေချာပေါက် သိမှာပါနော်။ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ဟာ အချင်းချင်း ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ်။

လက်ထပ်ပြီးနောက်မှာတော့ ချစ်စရာ သားလေးနဲ့ သမီးလေးကို ရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။အခုအချိန်မှာတော့ သူတို့ရဲ့ သားလေး ဖြစ်တဲ့ ဟန်ဘုန်းထက်ကလည်း မိခင် ၊ ဖခင်တွေရဲ့ အနုပညာ ပါရမီတွေကိုလက်ဆင့်ကမ်းပြီး အနုပညာလမ်းကြောင်းထက်ဆီကို လျှောက်လှမ်းတော့မယ်လို့ သိရပါတယ်။

ဟန်ဘုန်းထက်ကသူ့ရဲ့ မိဘတွေရဲ့ နာမည်နဲ့ မဟုတ်ဘဲ သူကိုယ်တိုင်ရဲ့ကြိုးစားမှုကြောင့်နဲ့ အနုပညာလမ်းကြောင်းထက်ဆီကိုလျှောက်လှမ်းချင်တာလို့ သိရပါတယ်။မကြာသေးမီကမှ ပရိသတ်ရှေ့ကို ရောက်ရှိခဲ့တဲ့ ဟန်ဘုန်းထက်လေး ကို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေလည်း အများကြီးပဲဖြစ်ပါတယ်။

ဟန်ဘုန်ထက်လေးရဲ့ လက်ရှိ အသက်ကတော့ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အနုပညာရှင် မိဘ တွေရဲ့ ပါရမီကို အပြည့်အဝ ရရှိထားတဲ့ ဟန်ဘုန်းထက်တစ်ယောက် အများကြီး အောင်မြင်လာပြီး အနုပညာအလုပ်တွေ အများကြီးလုပ်နိုင်ပါစေလို့မျှော်လင့်ရင်းအခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*