ဝါနေတဲ့သွားတေ သဘာဝအတိုင်း ချက်ချင်းဖြူလာစေတဲ့နည်

လှပကြည့်ကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ချင်ကြတာလူတိုင်းရဲ့ အိမ်မက်ပါဘဲ။ဒါပေမယ့်လည်း သွားတြွေဖူလာဖို့အတွက် သွား

ဆရာဝန်တွေဆီသွားဖို့ဆိုတာ လူတိုင်းမတက်နိုင်ကြတဲ့ ကိစ္စပါ။ဒါကြောင့် အိမ်မှာနေရင်း ရှိတဲ့ပစ္စည်းလေးတွေနဲ့အလွယ်တကူ သွားတွေကို

ဖြူအောင်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မီးသွေး မီးသွေးကို အသုံးပြုခြင်းဟာဆိုရင် အလွယ်ဆုံးနှင့်ကုန်ကျစရိတ်အသက်သာဆုံးသော နည်းလမ်းဖြစ်ပြီး သဘာဝအတိုင်းသင့်ရဲ့

သွားလေးတွေကိုဖြူဖွေးလှပလာစေမှာဖြစ်ပါတယ်သွားပွတ်တံပေါ်ကို မီးသွေးခဲလေးတွေ ချေချပေးပြီးတော့ အရင်တုန်းက သွားတိုက်သလိုဘဲ တိုက်ပေးရမှာဖြစ်ပါတယ်။

နို့မှုန့်နှင့် သွားတိုက်ဆေးနို့မှုန့်က သင့်ရဲ့ သွားတွေကိုပုလဲလုံးလေးတွေလိုဖြူဖွေးလှပစေပြီးတော့ ကျန်းမာသန်စွမ်းစေပါတယ်သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးထည့်ပါ။ပြီးရင် နို့မှုန့်လေးတွေကို အပေါ်ကနေဖြူးပြီးတော့ သွားတိုက်လိုက်ပါ။တစ်ပတ်ကို တစ်ကြိမ်ကနေနှစ်ကြိမ်အထိတိုက်နိုင်ပါတယ်

မုန့်ဖုတ်ဆိုဒါနှင့် ရှောက်ရည်မုန့်ဖုတ်ဆိုဒါကို သွားပွတ်တံပေါ်မှာ ဖြူးပါ။ ရှောက်ရည်အစက်အနည်းငယ်ကိုချပြီးတော့ သွားတိုက်လိုက်ပါ။ ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကိုပိုင်ဆိုင်စေမှာ အမှန်ပါဘဲ။တစ်ခုသတိထားရမှာက ဒီလိုသွားတိုက်နည်းကို တစ်ပတ်မှာ တစ်ကြိမ်

ထက်ပိုပြီးတော့ မပြုလုပ်ရဖူးဆိုတာပါဘဲ။ဒီဟာကို အသုံးမပြုခင် သင့်ရဲ့ သွားတွေဟာအထိမခံရွှေပန်းကန်ဖြစ်နေသလားဆိုတာကို အရင်ဆုံး သေချာသိအောင်ပြုလုပ်ဖို့လိုပါတယ်။တကယ်လို့များအကုန်အဆင်ပြေနေတယ်ဆိုရင်တော့ peroxideထဲကို ဂွမ်းစလေးနှစ်ပြီးတော့

သွားပေါ်ကို ဖြေးညှင်းစွာပွတ်တိုက်ပေးပါ။သို့သော်လည်းဒီဖြူဖွေးစေတဲ့ နည်းပညာကိုမကြာခဏပြုလုပ်နေမယ်ဆိုရင်တော့ သင့်ရဲ့ သွားအပေါ်ယံကြွေလွှာတွေကိုကြွေကျပျက်ဆီးစေမှာဖြစ်ပါတယ်။

မုန့်ဖုတ်ပေါင်ဒါနှင့် ရှောက်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မုန့်ဖုတ်ပေါင်ဒါနှင့် လက်ဖက်ရည်တစ်ဇွန်းစာရှောက်ရည်တို့ကို ၂ မိနစ်လောက်အသုံးပြုလိုက်ယုံနှင့် အံ့အားသင့်စရာဖြူဖွေးမှု့ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီနှစ်ခုကိုသင့်ရဲ့သွားထဲမှာ၂မိနစ်ထက်ပိုပြီးတော့ မထားမိပါစေနဲ့။

ပင်လယ်ဆား ရှောက်ရည်နှင့်သွားတိုက်ဆေးပင်လယ်ဆား လက် ဖက်ရည်ဇွန်းနှင့် တစ်ဝက်ရယ်၊ရှောက်ရည်အနည်းငယ်ရယ် သွား တိုက်ဆေးပမာဏနည်းနည်းရယ်တို့ကိုခွက်တစ်ခွက်ထဲပေါင်းထည့်ပါ။ပြီးရင် အဲ့ဒီအရောအနှောနှင့် သွားတိုက်ပါ။တစ်မိနစ်လောက်နေပြီးရင်တော့ရေဆေးချလိုက်ပါ။

ရှောက်ရည်နှင့် ရေရှောက်ရည်နှင့် ရေတို့ကိုပမာဏအချိုးအတူ တူရောနှောပြီးတော့အသုံးပြုခြင်းဟာ သွားတွေကို ပြန်လည်ဖြူဖွေးလာစေတဲ့အပြင်ခံတွင်းသန့်ရှင်းရေးကိုပါ အထောက်အကူပြုပါတယ်။

ပန်းသီရှာလကာရည်နှင့် ရေပန်းသီရှာလကာရည်လက်ဖက်ရည် ဇွန်းတစ်ဝက်လောက်ကို ရေထည့်ထားတဲ့ဖန်ခွက်ထဲမှာ ပျော်ဝင်အောင်ပြုလုပ်လိုက်ပါ။မနက်ခင်း သွားမတိုက်ခင် ဒီပျော်ရည်နှင့်နေ့တိုင်းပလုတ်ကျင်းပေးရပါမယ်။

စတော်ဘယ်ရီမှည့်နေတဲ့ စတော်ဘယ်ရီတစ်လုံးကိုယူပြီးဇွန်းတစ်ချောင်းနှင့် ကြိတ်လိုက်ပါ။ပြီးရင်တော့ ဒီအနှစ်တွေနှင့် သွားတွေကို တိုက်ပေးပြီးတော့မိနစ်အနည်းငယ်အကြာမှာဘဲ အဝါရောင်ဂျိုးတွေ ကွာကျလာတာကိုတွေ့ရမှာဖြစ်ပါတယ်။သွားတိုက်ဆေးဆား မုန့်ဖုတ်ဆိုဒါ

နှင့် ရှောက်ရည်သွားတိုက်ဆေးလက်ဖက်ရည် ဇွန်းတစ်ဇွန်းဆားတစ်တို့စာ မုန့်ဖုတ်ဆိုဒါအနည်းငယ်နှင့်ရှောက်ရည် အစက် လေးငါးစက်လောက်တို့ကိုခွက်တစ်ခုထဲရောထည့်ပါ။ဒီအရောအနှောနှင့် ၅မိနစ်လောက် သွားတိုက်ပေးရပါမယ်ပြီးသွားတဲ့အခါမှာတော့မူလမပြုလုပ်

ခင်နှင့် ပြုလုပ်ပြီးအနေအထားတို့ကွဲပြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနည်းလမ်းကို နှစ်လမှာ မှ တစ်ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။

Credit to all

Add a Comment

Your email address will not be published.