ကနီသားတွေ စစ်ကောင်စီကို လက်စွမ်းပြခဲ့သည့် (ရုပ်သံ)

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ရရက်တာ ပစ်ခတ် တိုက်ခိုက်မှုကြောင့်

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဝ ထက်မနည်း သေဆုံးနိုင်ပြီး စစ်တပ်ပိုင် ကျောက်စိမ်းတင် ရေယာဉ် ၁စီး နစ်မြုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း၌ ရွှေတြိဂံတပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက

အကြမ်းဖက် စစ်ကောင်စီ ကျောက်စိမ်းတင် သင်္ဘောများကို ဒီဇင်ဘာလ ၁၂ရက်နေ့ကစတင်ကာ

ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ ရရက်တာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဝ ထက်မနည်း သေဆုံးကာ ကျောက်စိမ်းတင် ရေယာဉ် ၁စီး နစ်မြုပ်ခဲ့ကြောင်း

ရွှေတြိဂံတပ်ရင်းက ဗိုလ်မင်းခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

“ကျွန်တော်တို့ ဒီဇင်ဘာ ၁၂ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိပေါ့။

ချင်းတွင်းမြစ်ရိုးတစ်လျောက် စစ်ခွေးတွေ ကျောက်စိမ်းတင်လာတဲ့ သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ နောက်ပြီး မိုင်းဆွဲတိုက်တာပေါ့။

ရွှေတြိဂံတပ်ရင်းနဲ့ PDF တပ်ဖွဲ့တွေ ပေါင်းပြီး တိုက်ကျတာပေါ့။ စစ်ခွေး ၉ဝလောက်သေတယ်။

ကျောက်စိမ်းတင်တဲ့ သင်္ဘော ၁စီးမြုပ်တယ်။ နောက်ပြီး ကျွန်တော်တို့ ကြားရတဲ့သတင်းတွေအရ

ကနီပြည်သူ့ဆေးရုံမှာ အရေးပေါ်ပိတ်ပြီး စစ်ခွေးတွေကို ကုနေတယ်လို့ ကြားတယ်” ဟု ရွှေတြိဂံတပ်ရင်းက ဗိုလ်မင်းခေါင်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ကျောက်စိမ်းတင် သင်္ဘောများကို ချင်းတွင်းမြစ် ဘေးရှိ မအိုရွာနှင့် အိုင်တောင်ရွာကြား၊

ကျောက်မှော်ရွာ၊ ဝယာနှင့် အင်းလည်ချောင်ရွာကြား ငဖြတ်နှင့် မုဌောကြား၊

မအိုနှင့် အိုင်တောင်ရွာကြား စသည့်နေရာများတွင် တိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံတပ်ရင်းထံမှ သိရသည်။

Video links

https://channellover.com/wp-content/uploads/2021/12/aqd.mp4?_=1

Add a Comment

Your email address will not be published.