“သားဖြစ်သူ ဆုံးသွားပြီးနောက် နေ့စဉ် ငှက်ပျောသီးရောင်းပြီး ဝမ်းစာရှာနေရတဲ့ အသက်(၉၀)အရွယ် အဖွား”
|ဖော်ပြပါအဖွားက ရန်ကုန်မြို့ ကျောက်မြောင်း တာမွေယာယီဈေး အရှေ့မှာ ငှက်ပျောသီးရောင်းတာ အမြဲတွေ့ဖြစ်နေလို့ မေးကြည့်လိုက်ပါတယ်။
အဖွားက အသက် ၉၀ ရှိပါပြီတဲ့။ အဘွားကို လုပ်ကျွေးနေတဲ့ သားဖြစ်သူက ကွယ်လွန်သွားပြီးတဲ့နောက် အဘွားက ဝမ်းရေးအတွက် နေ့စဉ်
အပြင်ထွက်ပြီး ဌက်ပျောသီး ရောင်းနေရတာပါ။ ဒါကြောင့် တာမွေဖက်ရောက်ရင် အဘွားကိုအားပေး ကူညီပေးနိုင်ကြစေဖို့ ဖော်ပြ
ပေးလိုက်ရပါတယ်။
သက်ကြီး ရွယ်အိုတွေကို အမြဲတမ်း လှူဒါန်းနေတဲ့ စေတနာဇောတိက အလှူရှင်များ အမြန်ဆုံး တွေ့မြင်နိုင်အောင် ဝေမျှပေးခြင်းဖြင့်
ကုသိုလ်ယူပေးကြပါနော်။ ယခုလို ခေတ်ကာလကြီးထဲမှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေ အများကြီး လိုအပ်ပါ
တယ်။
လမ်းပေါ်မှာ စျေးရောင်းပြီး ကိုယ့်ဝမ်းစာကိုယ် ရှာစားနေရတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် ဝယ်ယူအားပေးခြင်းဖြင့် ကူညီ
ပေးကြပါလို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။