ရုပ်ရှင် တွေ ဆက်မရိုက် ဖြစ်တော့တဲ့ အဓိက အကြောင်း အရင်းကို ဖွင့် ပြောလာတဲ့ ကျော်ရဲအောင်
|အဓိက အကြောင်း အရင်းကို ဖွင့် ပြောလာတဲ့ ကျော်ရဲအောင်
ဝါရင့် မင်းသားကြီး ကျော်ရဲအောင် က တော့ ပရိသတ်တွေကြား ယခုထိ အောင်မြင်မှု့တွေကို ပိုင်ဆိုင်ထားနိုင် သူတစ်ဦိးပဲ ဖြစ်ပါတယ်နော်။
ပွင့်ပွင့် လင်းလင်း ရိုးရိုး ရှင်းရှင်း စကားပြောတတ် သလို သဘာဝ ဆန် တဲ့ သရုပ်ဆောင်ချက်တွေကြောင့် လည်း လူကြိုက်များလျှက် ရှိတာ ဖြစ် ပါ တယ်
လက်ရှိ ကာလမှာလည်း ပြည်သူ တွေ နဲ့ တသာစတည်ရပ်တည်ခဲ့သူ တစ်ယောက် လည်းဖြစ်ပါတယ်နော်။
ယခု နောက်ပိုင်း မှာတော့ ကျော်ရဲအောင် ဟာ ရုပ်ရှင်ရိုက်ကူးမှုတွေ နည်းလာခဲ့တာဖြစ်ပြီး အနုပညာလှုပ်ရှားမှုကြဲပါးသွားခဲ့တာပါ
ဒီအကြောင်းကို ကျော်ရဲအောင်က အခုလိုရှင်းပြလာခဲ့ပါတယ်
“ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးဆိုတာ ကိုဗစ်ကော ကိုဗစ်မရှိတုန်းကလဲ သိပ်ပြီး မရိုက်ဖြစ်ဘူး။ နည်းနည်းပါးပါးပဲလုပ်ဖြစ်တယ် ဇာတ်ကားတွေကို သိပ်ပြီးတော့ မရွေးချယ်ပေမယ့်
မရိုက်ဖြစ်တာကတော့ လာမငှားလို့ မရိုက်ဖြစ်တာလေ၊ လာမငှားတာရယ် နောက်တစ်ခု က ကိုယ်သိပ်မကြိုက်တာရယ် ငှားတဲ့ဟာကျတော့လဲ သိပ်ပြီးတော့ အဆင်မပြေဘူး
ကိုယ်နဲ့ သိပ်မလိုက်ဘူးလေ ကိုယ်နဲ့လိုက်ရင်တော့ ရိုက်ဖြစ်ပါတယ်” လို့ဆိုလာခဲ့တာပါ
ဆက်လက်ပြီး ကျော်ရဲအောင်က “အခုနောက်ပိုင်းတော့ တော်ကြပါတယ်။ ရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာ အသစ်လေးတွေနဲ့ ကျွန်တော်များများ ရိုက်ဖူးတယ်။
သူတို့တွေ စိတ်ရှည် လက် ရှည် ရိုက် ကြ တယ် ။ အရင်လို ဝုန်းဒိုင်း ဝုန်းဒိုင်းမဟုတ်တဲ့ အတွက်ကြောင့် စိတ်ချမ်းသာတယ်။
ကျွန်တော်က အဲ့လိုရိုက်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကားမရိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးလို့ ပြောပြရဦးမယ် ကားရိုက်ရတာ အရင်တုန်းက ကောင်းတယ်ဗျ
ကောင်းတယ်ဆိုတာ တိုင်တိုင်ပင်ပင်နဲ့ ရိုက်ကြတယ် အနည်းဆုံး မရိုက် ဘူးဆိုရင်တောင် ရက်(၂၀)လောက် ကြာကြတယ်။
အခုဟာက ရက်(၂၀)မဟုတ်တော့ဘူးလေ အခုဟာ ကားက (၇)ရက်နဲ့တစ်ကား (၅)ရက်နဲ့တစ်ကား ပြီးအောင်လိုက်ရိုက်တဲ့ အခါကျတော့ ကျွန်တော်က မရိုက်ချင်တော့ဘူး။
နောက်ပြီးတော့ အဲ့လောက်ကြီးလဲ ကျွန်တော် မလိုက်နိုင်ဘူး။ ဇာတ်ကားတစ်ကားရိုက်ပြီဆို နဲနဲပါးပါးတိုင်တိုင်ပင်ပင်တော့ ရှိရမယ်ဗျ။
ဘယ်လိုတိုင်တိုင်ပင်ပင်ရှိရမလဲဆိုတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာနဲ့ နောက်ပြီးတော့ သရုပ်ဆောင် အချင်းချင်း တွေ အဲ့လို တိုင်တိုင် ပင်ပင်လုပ် မှ အပေးအယူတွေ မျှ တာ အခုဟာပ ကားအရေအတွက်များဖို့ ပြသခွင့်မြန်မြန် ရဖို့ ရိုက် နေ ကြတော့ ကြာလာတော့ မရိုင်ချင်တော့ဘူး။
ကျွန်တော် က ပေတီးပေကပ် လုပ် လာ ရော၊ ပေတီး ပေကပ် လုပ်လာ တဲ့အခါလကျတော့ ဘာဖြစ်လာ လဲ ဆိုတော့ ကျွန် တော် မကောင်းဘူးဖြစ်သွားရော။
အဲ့တော့ အဆင်ပြေ အောင် မြန်မြန် ရိုက် တဲ့ သူတွေကြောင့် ကိုယ် ပဲ ဦးနှောက် မကောင်းလို့လား မသိဘူး လိုက်မမှီဘူး။
နောက်တစ်ခု က မြန်မြန် ဆန် ဆန် မရိုက်လတတ် ဘူး။ ကျွန်တော် က အကြာကြီး ရိုက်ဖို့ကို ပြောတာမဟုတ်ဘူး။ အခုဟာ က တစ်ယောက်နဲ့ တစ်ယောက် ညှိချိန်မရှိတော့ဘူး။
အဲ့တာမျိုးတွေက သိပ်ကြာ လာ တဲ့ အခါ များလာတဲ့ အခါမျိုး မှာ ကျ တော့ ရုပ်ရှင် လောက ကြီးပါ မကောင်းတော့ဘူး။ တဖြည်းဖြည်း အဲ့လိုဖြစ်သွားတယ်။ တဖြည်းဖြည်း နဲ့ ဒါရိုက်တာ တွေ ဟာ ထုတ်လုပ် သူကို အလို လိုက် တယ်။
ထုတ် လုပ် သူတွေ ကလဲ ရက်နည်းနည်းနဲ့ များများလိုချင်ကြတယ်။ လူတိုင်းက တော့ ဒီတိုင်းပဲ လေ။ ပိုက်ဆံ တွေရင်းနှီးထားရတော့ သူတို့ လဲ များများတော့ လ်ုချင်မှာပဲ။ ရက်နဲနဲနဲ့ များများရ သူတို့လဲကိုက်တယ်။
သူတို့ကိုလဲ အပြစ်မပြောပါဘူး။ ဒါပေမယ့် ဘာ စည်းစောင့်သင့် လဲ ဆို တော့ (၅)ရက်နဲ့ အပြီးရိုက်ချင် နဲ့သူ တွေ ရှိ ကြတယ်။ အဲ့ လို တော့ မလု ပ် သင့် ဘူး။ မကောင်းတာတော့ အကုန် လုံး မ ကောင်း ကြ တာ ပါ။
တစ်ယောက် ထဲ တော့ သွား ပြော လို့ မ ရ ဘူး။ “ဆို ပြီး ပြောပြ လာခဲ့တာ ဖြစ် ပါ တယ် ကျော်ရဲအောင် က တော့ ရုပ်ရှင်တစ်ကားကို
၅ ရက်နဲ့ အပြီး ရိုက်သူတွေ ကြောင့် ရုပ်ရှင်လောကကြီး ပျက်စီး လာတဲ့ အကြောင်း ပြောပြသွားခဲ့တာပါနော်
ပရိသတ် ကြီးလည်း ကျော်ရဲအောင်ရဲ့အမြင်လေးကို သဘော တူ မတူ ပြော ခဲ့ ကြ ပါဦးနော်
အခုလို ဝင် ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီ တိုင်းလည်း ကျန်းမာပျော်ရွှင်သော နေ့ရက် များ ပိုင်ဆိုင် နိုင် ကြ ပါစေလို့ဆုတောင်း ပေးလိုက် ပါတယ်။
crd