အဖေ့ စကား တစ်ခွန်းကြောင့် တော်ရုံလူ မလုပ်နိုင်တဲ့ အရာကို လုပ်ခဲ့တဲ့
|မဂ်လာပါ ပရိတ်သတ်ကြီးရေ
အဖေ့ စကားတစ်ခွန်းကြောင့် လူ တစ်သိန်းမှာတစ်ယောက်တောင် မလုပ်နိုင်တဲ့ အရာ ကို လုပ်ခဲ့တဲ့ ဦးဇေသီဟ
ဦးဇေသီဟ ဆိုတာနဲ့ ခရိုနီ သူသူဌေးကြီး တစ်ယောက်ရဲ့သားဆိုတာပဲ ပြေးမြင်မိကျမှာ အသေအချာပါပဲ
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကို ရအောင်ယူခဲ့ပြီး
သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူ တစ် ယောက် ဆိုလည်းမမှားပါဘူး။
အားလုံးက သူဘာပဲ လုပ် လုပ် ဝေ ဖန် အပြစ်တင် နေ ပေ မယ့် လည်း
လုပ်စရာ ရှိတာ ကိုအကောင်းဆုံး လုပ်လေ့ရှိ သူလည်း ဖြစ် ပါ တယ်။
ကိုဗစ်ကာလမှာ လည်း ကိုယ် တိုင် အောက်စီဂျင် စက်ရုံ ကို တည်ခဲ့ပြီး
အခမဲ့ လူတန်းစားမရွေး အသုံးချပြီး အသက်ဆက် နိုင်အောင် လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ဦးဇေသီဟက
“ဒီနေ့ ဟို အရင် ထဲ က ရှိတဲ့ ဆန္ဒ တစ်ခု ပြည့် ခဲ့ ရ ပါ ပြီ ။
ရန်ကုန် ဆေးတက္ကသိုလ် (၁) မှာ မျက် ကြည်လွှာနဲ့
ခန္ဓာကိုယ် ကို ဆေးပညာ အ တွက် အသုံးချဖို့ ဆန္ဒပြု လှူဒါန်းလိုက် ပါ တယ် ။
ဘဝမှာ မိဘ တွေ ကြောင့် ပြည့်ပြည့် စုံစုံ နေ ခဲ့ ရတဲ့ အ တွက် အခု လို စိတ်ကူး ထား တာ တော့ ကြာပါပြီ။
ဒီလို လှူ ဖြစ် သွား စေ တဲ့ တွန်းအား တွေ ထဲ က တစ်ခု က တော့ ပြီးခဲ့ တဲ့ ၁ပတ် ကျော် က အဖေ့ဆီက ဘယ်တုန်း ကမှ မမျှော် လင့် ထားတဲ့ စကားကြောင့် ပါ ပဲ ။
ရယူခဲ့တာတွေ များလေ ပြန်လည်ပေးဆပ်ရမဲ့ တာဝန်ရှိလေပါပဲ။
ပိုင်ဆိုင် မှု တွေ ဘယ် လောက် ရှိ ရှိ ပြည့်စုံ ပါ ပြီလို့ ပြော လို့ ရ ပေ မဲ့ စွန့်လွှတ် ခြင်းကိုလဲ ပိုင် ဆိုင် တတ် ဖို့ လို ပါ တယ် ။
အဖေ့မွေးနေ့ နဲ့ အမေ့ မွေးနေ့ ဘယ်မွေးနေ့မှာ လှူရင်ကောင်းမလဲ စဉ်းစား ရင်းက
မစောင့် နိုင်တော့ပဲ ဆန္ဒပြင်းပြလာ တဲ့ အ တွက် ချက် ချင်း လှူဖြစ် သွား တာ ပါ ။
ဤကုသိုလ်ကြောင့် မိဘတွေ ကျန်းမာ စွာ အ သက် ရှည် ဖို့ အထောက် အ ကူ ဖြစ် ပါ စေ။
ဤခန္ဓာကို အသုံးချ ပြီး ဆေးပညာ အလင်း ပွင့်လင်းကြ ပါ စေ ။
ပိုင်ဆိုင်မှု များစွာထဲမှာ စွန့်လွှတ်ခြင်းကိုလဲ ပိုင်ဆိုင်ပါတယ်”ဆိုပြီး အားလုံးသာဓုခေါ်နိုင်အောင် သူ့ရဲ့ လူမှု့ ကွန် ရက် စာမျက်နှာ ကနေ အသိပေး ထားတာ ပဲ ဖြစ် ပါတယ် ။
တစ်ချိန်က ဘာပဲဖြစ်ဖြစ်ခဲ့ သေချာတာ ကတော့ လက်ရှိ အချိန်မှာ အဲ့ လိုမျိုး လုပ်နိုင် ဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။
အခုလို ဝင် ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီ တိုင်းလည်း
ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source from U zay thiha’fb