ဆုံးပါးသွားတဲ့ပထမသားကြီးအတွက်ရေးသားထားဖူးတဲ့ သီချင်းစာသားလေးနဲ့ သားငယ်နိုဝါအတွက်မွေးနေ့ဆုတောင်းပေးလာတဲ့ ဇာဏ်ခီ
|လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ မင်းသား ဇာဏ်ခီကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့
အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်
ရှင် မင်းသားတစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မိသားစုရဲ့ အိမ်ထောင်ဦးစီးအဖြစ် တာဝန်တွေကို ထမ်းဆောင်နေရ သူတစ်ယောက် ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့ကတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့သား နိုဝါလေးရဲ့ (၉) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဇာဏ်ခီက ချစ်
ရတဲ့သားနိုဝါရဲ့မွေးနေ့မှာ “Happy 9th Birthday Noah! ကျွန်တော်တို့ရဲ့ သွားနှင့်လေပြီးတဲ့ ပထမသားလေး Tristin Htut Khaung
Kyi အတွက်ရေးပေးခဲ့တဲ့ “ရှိနေမယ်” ဆိုတဲ့သီချင်းလေးထဲက တစ်ပိုဒ်ပါ.. “ဘဝရဲ့လှည့်ကွက်တွေထဲ တချိန်ချိန်တော့ပေးလျှောက်ရမှာပဲ..
ကိုယ်တွေ့မရှိရင်လောကဓံကို ရင်ဆိုင်နိုင်ဖို့ခက်မယ်..အမည်းစက်မစွန်းတဲ့လူမရှိဘူးသားရယ် အခြေအနေတွေဟာပြောင်းလဲနေပေမယ့်
ကိုယ်ကျင့်တရားနဲ့ဘာကိုမှမလဲလိုက်ပါနဲ့..” ဂုဏ် ဒြပ် အရာဝတ္တု စည်းစိမ်ဥစ္စာ အာဏာနဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလဲလိုက်ပြီဆိုရင် မင်းလူဖြစ်ရှူံးပြီသားရေ.. ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
ဇာဏ်ခီကတော့ သားငယ်နိုဝါရဲ့ (၉) နှစ်ပြည့်မွေးနေ့မှာ ဆုံးပါးသွားခဲ့တဲ့ပထမဦးဆုံးသားလေး Tristin Htut Khaung Kyi အတွက် သူကိုယ်တိုင်ရေးပေးခဲ့တဲ့ “ရှိနေမယ်” သီချင်းထဲက စာသားနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။
Source: Zenn Kyi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ဆုံးပါးသွားတဲ့ပထမသားကြီးအတွက်ရေးသားထားဖူးတဲ့ သီချင်းစာသားလေးနဲ့ သားငယ်နိုဝါအတွက်မွေးနေ့ဆုတောင်းပေးလာတဲ့ ဇာဏ်ခီ
လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ မင်းသား ဇာဏ်ခီကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့

credit all