ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ ချစ်သူကောင်မလေးအတွက် သတိရခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ညီထွဋ်ခေါင်

သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ လူသိများတဲ့မင်းသားတစ်လက်ပီပီ သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြလေ့မ

ရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ညီထွဋ်ခေါင်ရဲ့ချစ်သူဟာ ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်သွားချိန်မှာတော့ ညီထွဋ်

ခေါင်ဟာ သူ့ရဲ့ကြေကွဲဝမ်းနည်းမှုတွေကို ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့ကတော့ ညီထွဋ်ခေါင်ရဲ့ချစ်သူကောင်မလေး မွေးနေ့လေးပဲဖြစ်ပါတယ်။

ညီထွဋ်ခေါင်ကတော့ လူ့လောကကြီးထဲမှာမရှိတော့တဲ့ သူ့ရဲ့ချစ်သူကောင်မလေးကို သတိတရမွေးနေ့ဆုတောင်းပေးခဲ့ကာ “Happy

Birthday ပါ မေ.. ရောက်ရာဘဝမှာ ပျော်ရွှင်နေပါစေနော်။ မနှစ်က မေရဲ့ မွေးနေ့လေးကို လူစုံနဲ့ပျော်ရွှင်ခွင့်ရသွားတာကို မေကျေနပ်သွား

တယ်မလား.. အဲ့နေ့က မေပျော်နေတာလေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေမိတာ.. နောက်ဆုံးမွေးနေ့ဖြစ်လိမ့်မယ်လို့ ဘယ်သူမှမထင်

ထားသလို မေလည်းသိလိုက်မှာမဟုတ်ဘူးနော်။ ဒီနှစ်ကစပြီး ခြောက်ကပ်ကပ်နဲ့ တစ်ယောက်တည်းပဲ ဖြတ်သန်းရတော့မယ်။ ပြန်တွေး

လိုက်တိုင်း ပျော်စရာ ကြည်နူးစရာ အမှတ်တရလေးတွေ ချန်ထားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးပါမေ.. တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်ဆို

မေထွက်သွားတာ ၅လတောင်ရှိသွားခဲ့ပြီပဲ။ သံသရာအဆက်ဆက်ဖြစ်လေရာဘဝမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံပါစေနဲ့တော့မေရယ်” ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

ညီထွဋ်ခေါင်ကတော့ သွားလေသူချစ်သူကို သတိရခြင်းများစွာနဲ့ သတိတရလေးမွေးနေ့ဆုတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။ ညီထွဋ်

ခေါင်ရဲ့ချစ်သူကောင်မလေးလည်း အခုဆိုရင် အေးချမ်းတဲ့ဘုံဘဝမှာ အနားယူနေလောက်ပြီဆိုတာ သေချာပါတယ်။

Source: Nyi Htut Khaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

credit all

Add a Comment

Your email address will not be published.