ရေသန့်ရောင်းတဲ့ အဖွားကိုအလှူငွေ များသွားရောက် လှူဒါန်းပေးခဲ့တဲ့ ဦးမိုဒီ နှင့် လူရွှင်တော် မိုးစက်
|လူရွှင်တော် မိုးစက်ကတော့ ယခုတလောမှာပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မိုးစက်ကခုလို အရာရာ ခက်ခဲနေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေတဲ့
မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။

ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။
အခုလည်း ဦးမိုးဒီနဲ့အတူ ရေသန့်ရောင်းတဲ့ အဖွားကို အလှူငွေဆယ်သိန်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ကြည်နူးစရာဖြစ်ရပ်လေးကို ဖော်ပြလာပါတယ် ။
”သား ရေသန့်ရောင်းတဲ့ အဖွားအတွက် အလှူငွေ ဘယ်နေ့အပ်မှာလဲ…” ဒီနေ့ အပ်မှာဖေကြီး”
ဟာ အဲ့ဒါဆို ဖေကြီးလဲ လိုက်မယ်ကွာ သူ့ရဲ့ အပျော်လေးတွေ မြင်ချင်လို့ပါပိုကောင်းတာပေါ့ ဖေကြီးရယ်”
မနေ့ညက ဖေကြီးဦးမိုးဒီ နဲ့ Live လွှင့်စျေးရောင်းပြီးပြန်လာချိန်အဖွားကိုလှူဖြစ်မယ့်အကြောင်းတွေပြောပြလိုက်တော့ ဖေကြီး လိုက်ချင်သွားတာထင်ပါတယ်။

အဖွားဆီကို ရောက်တော့ဟာမင်းသားမိုးဒီကြီး မင်းသားမိုးဒီကြီး ဆိုပြီးမွ မွ မွ နဲ့ဝမ်းသာအားရ နမ်းပါလေရောဗျာ”အဖွားစိတ်ထဲမှာတော့ မင်းသားလို့ဘဲထင်နေတာပေါ့။
အဖွားရေ လာရင်းကိစ္စလေးကတော့ အဖွားအတွက် အလှူငွေလေးတွေ သားဆီမှာရှိပါတယ် ။
အိမ်လေးလဲပိုင်သွားပြီဆိုတော့ အခု အဖွားထပ်ဖြစ်ချင်တဲ့အဖွားရဲ့ ရင်ထဲက ဆန္ဒလေးသိပါရစေ”အဖွား က မိဘမဲ့ ကလေးတွေ ရှင်ပြုပေးချင်တာ…”
ကောင်းတာပေါ့ဗျာအဲ့ဒီဆန္ဒကို သားဖြည့်ဆည်းပေးပါရစေအဖွားရဲ့ရှေ့ရေးအတွက်လဲ မပူပါနဲ့ နောက်ထပ် လာလှူမယ့် အလှူရှင်တွေအများကြီး ရှိပါသေးတယ်။

”ဒါဆိုရင် အဖွားအလှူ့အစ်မကြီးဖြစ်တော့မှာပေါ့နော်…”ဖြစ်ရမှာပေါ့ဗျာလှူတဲ့ရက်ရောက်ရင်ကျွန်တော်ဦးမိုးဒီ ကိုယ်တိုင်လာနိုင်အောင် ကြိုးစားပေးပါ့မယ်ဗျာ”
ပုံတွေနဲ့ တကွဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – Yaungchi
Photo – Moe Sat
zawgyi
လူရွှင်တော် မိုးစက်ကတော့ ယခုတလောမှာပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မိုးစက်ကခုလို အရာရာ ခက်ခဲနေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေတဲ့
မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။

ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။
အခုလည်း ဦးမိုးဒီနဲ့အတူ ရေသန့်ရောင်းတဲ့ အဖွားကို အလှူငွေဆယ်သိန်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ကြည်နူးစရာဖြစ်ရပ်လေးကို ဖော်ပြလာပါတယ် ။
”သား ရေသန့်ရောင်းတဲ့ အဖွားအတွက် အလှူငွေ ဘယ်နေ့အပ်မှာလဲ…” ဒီနေ့ အပ်မှာဖေကြီး”
ဟာ အဲ့ဒါဆို ဖေကြီးလဲ လိုက်မယ်ကွာ သူ့ရဲ့ အပျော်လေးတွေ မြင်ချင်လို့ပါပိုကောင်းတာပေါ့ ဖေကြီးရယ်”
မနေ့ညက ဖေကြီးဦးမိုးဒီ နဲ့ Live လွှင့်ဈေးရောင်းပြီးပြန်လာချိန်အဖွားကိုလှူဖြစ်မယ့်အကြောင်းတွေပြောပြလိုက်တော့ ဖေကြီး လိုက်ချင်သွားတာထင်ပါတယ်။