မုံရွာ-မန္တလေးကားလမ်း ယာယီဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးတားမြစ်၊

MFP ၊ ဒီဇင္ဘာ – ၂၁

မန္တလေး – ရွှေဘိုကားလမ်း၊ ရွာသားကြီးရွာအနီးတွင် မန္တလေးဘက်မှ မောင်းနှင်လာသော

စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသည့် ကားတစ်စီးကို ယမန်နေ့ ညပိုင်းက

မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဖောင်းဒိုင်း ဖောင်းဒိုင်း – ဝက်လက် အဖွဲ့ သတင်းထုတ်ပြန်သည်

ဒီဇင်ဘာ(၂၀)ရက် ည(၁၀)နာရီကျော်အချိန်က မန္တလေးဘက်မှ ရွှေဘိုသို့ မောင်းနှင်လာသော

စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားကို ဘုရားပြန်ရွာနှင့် ရွာသာကြီးကြားတွင်

မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စကစများ အသေအပျောက် အထိအခိုက် အခြေအနေ

မသိရသေးဟု ဖောင်းဒိုင်း – ဝက်လက် အဖွဲ့က ဆိုသည်

အဆိုပါ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်၍ MFP အနေဖြင့်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် ယနေ့ မနက်(၁၀)နာရီဝန်းကျင်မှ စတင်ကာ ခရီးသွားပြည်သူများ အနေဖြင့် မန္တလေး – မုံရွာလမ်းပေါ်

ယာယီဖြတ်သန်း သွားလာခြင်း မပြုရန် မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MM PDF က အရေးပေါ်

သတိပေးကြေညာချက် ထုတ်ပြန်သည်။

“ပြည်သူများ ခင်များ၊ ယနေ့ ဒီဇင်ဘာ(၂၁)ရက် ယခု အချိန် (မနက် ၁ဝနာရီဝန်းကျင်)မှ စ၍

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်တွင် သွားလာလှုပ်ရှားခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အထူး(အထူး) သတိပေး

တားမြစ် အပ်ပါသည် ခင်များ။ ပြည်သူများ၏ လုံခြုံရေး၊ ဘေးကင်းရေးအတွက် ဖြစ်ပါ၍

ပည်သူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် အထူးတောင်းဆိုအပ်ပါသည်” ဟု MMU PDF က

ထုတ်ပြန်ထားသည်။

မန္တလေး – ရွှေဘိုလမ်းနှင့် မန္တလေး – မုံရွာလမ်းတွင် စကစများ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့စည့် ရက်ပိုင်းက မန္တလေး – မုံရွာလမ်းပေါ် စကစများ မိုင်းဆွဲခံရချိန် ယာဉ်အသွားအလာ ရပ်ဆိုင်းပေးရစဉ်

Photo – ပေးပို့

unicode

မန္တလေး – ရွှေဘိုကားလမ်း ရွာသာကြီးရွာအနီးတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်၊

မုံရွာ-မန္တလေးကားလမ်း ယာယီဖြတ်သန်းသွားလာခြင်း မပြုရန် မြင်းမူတော်လှန်ရေးအဖွဲ့များ သတိပေးတားမြစ်၊

MFP ၊ ဒီဇင်ဘာ – ၂၁

မန္တလေး – ရွှေဘိုကားလမ်း၊ ရွာသားကြီးရွာအနီးတွင် မန္တလေးဘက်မှ မောင်းနှင်လာသော

စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသည့် ကားတစ်စီးကို ယမန်နေ့ ညပိုင်းက

မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဖောင်းဒိုင်း ဖောင်းဒိုင်း – ဝက်လက် အဖွဲ့့ သတင်းထုတ်ပြန်သည်

ဒီဇင်ဘာ(၂၀)ရက် ည(၁၀)နာရီကျော်အချိန်က မန္တလေးဘက်မှ ရွှေဘိုသို့ မောင်းနှင်လာသော

စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားကို ဘုရားပြန်ရွာနှင့် ရွာသာကြီးကြားတွင်

မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စကစများ အသေအပျောက် အထိအခိုက် အခြေအနေ

မသိရသေးဟု ဖောင်းဒိုင်း – ဝက်လက် အဖွဲ့က ဆိုသည်

အဆိုပါ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်၍ MFP အနေဖြင့်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် ယနေ့ မနက်(၁၀)နာရီဝန်းကျင်မှ စတင်ကာ ခရီးသွားပြည်သူများ အနေဖြင့် မန္တလေး – မုံရွာလမ်းပေါ်

ယာယီဖြတ်သန်း သွားလာခြင်း မပြုရန် မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MM PDF က အရေးပေါ်

သတိပေးကြေညာချက် ထုတ်ပြန်သည်။

“ပြည်သူများ ခင်များ၊ ယနေ့ ဒီဇင်ဘာ(၂၁)ရက် ယခု အချိန် (မနက် ၁ဝနာရီဝန်းကျင်)မှ စ၍

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်တွင် သွားလာလှုပ်ရှားခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အထူး(အထူး) သတိပေး

တားမြစ် အပ်ပါသည် ခင်များ။ ပြည်သူများ၏ လုံခြုံရေး၊ ဘေးကင်းရေးအတွက် ဖြစ်ပါ၍

ပည်သူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် အထူးတောင်းဆိုအပ်ပါသည်” ဟု MMU PDF က

ထုတ်ပြန်ထားသည်။

မန္တလေး – ရွှေဘိုလမ်းနှင့် မန္တလေး – မုံရွာလမ်းတွင် စကစများ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့စည့် ရက်ပိုင်းက မန္တလေး – မုံရွာလမ်းပေါ် စကစများ မိုင်းဆွဲခံရချိန် ယာဉ်အသွားအလာ ရပ်ဆိုင်းပေးရစဉ်

Photo – ပေးပို့

crd

Be the first to comment

Leave a Reply

Your email address will not be published.

*