တော်လှန်ရေးအတွက် ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်းအားလုံးအတွက် “ပြန်လာမယ် မေမေ” ဆိုတဲ့ Rဇာနည် ရဲ့ သီချင်းလေး…





Credit- MYANMAR LOAD

Unicode
တော်လှန်ရေးအတွက် ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်းအားလုံးအတွက် “ပြန်လာမယ် မေမေ” ဆိုတဲ့ Rဇာနည် ရဲ့ သီချင်းလေး…

တေးသီချင်းတွေကို အသံပါဝါကောင်းကောင်းနဲ့အကောင်းဆုံး သီဆိုနိုင်သူကတော့ အဆိုတော် R ဇာနည်ကတော့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အာပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အာဇာနည်ကတော့ ချစ်စရာကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားသားမီးမီးကိုပါ ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာကြောင့် ပရိသတ်တွေ အားကျနေရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။

အာဇာနည်ကတော့ မြန်မာနိုင်ငံရဲ့တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူ တစ်သားတည်းပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး တော်လှန်ရေးအတွက် ရရာနေရာကနေ ပါဝင်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ ဒီဇင်ဘာ (၁၀) ရက်နေ့က အသံတိတ်သပိတ်မှာ ဖြန့်ချိခဲ့တဲ့ လင်းလင်းနဲ့ အာဇာနည်သီဆိုထားတဲ့ ”နောက်ဆုံးဖြစ်ရမယ် ”ဆိုတဲ့သီချင်းက နာရီ ၂၀ အတွင်းမှာပဲ ကြည့်ရှု့သူ မီလီလျံချီသွားခဲ့ပါတယ်။ အခုတစ်ခါမှာလည်း ခရစ္စမတ်အမှီ တော်လှန်ရေးအတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်း တွေ အားဖြစ်စေဖို့အတွက် “ပြန်လာမယ်မေမေ” ဆိုတဲ့သီချင်းလေး တစ်ပုဒ်ကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

တကယ်ခံစားချက်အပြည့်နဲ့ သီဆိုထားတာကြောင့် နားထောင်တဲ့သူတွေပါ မျက်ရည်ဝဲရတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit- MYANMAR LOAD

Be the first to comment

Leave a Reply

Your email address will not be published.


*