ကိုယ်သိပ်ချစ်ခင်ရတဲ့သူတွေကို ခွဲခွာလိုက်ရတဲ့ ခွဲခွာခြင်းတွေ အတွက် ရည်ညွှန်ပြီး သီချင်းလေးသီဆိုခဲ့တဲ့ မေ






Credit – MYANMAR LOAD

Unicode
ကိုယ်သိပ်ချစ်ခင်ရတဲ့သူတွေကို ခွဲခွာလိုက်ရတဲ့ ခွဲခွာခြင်းတွေ အတွက် ရည်ညွှန်ပြီး သီချင်းလေးသီဆိုခဲ့တဲ့ မေ

မေ ကတော့ အဆိုတော် သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပရိသတ်တွေ အားပေး ချစ်ခင်နေတဲ့ သူတစ်ယောက်ပါ။ ချိုသာတဲ့ အသံနဲ့ သီချင်းတွေကို ပိုင်ပိုင် နိုင်နိုင် သီဆိုနိုင်တာကြောင့် ပုရိသတွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရ ရှိပိုင်ဆိုင်ထားတဲ့အပြင် အမျိုးသမီး ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကိုပါရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပါဆိုလဲ မမှားပါဘူး။

မေက တော်လှန်ရေးကြီးမှာလည်း ပြည်သူနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ပါဝင်ခဲ့သလို လမ်းပေါ်တတ်ဆန္ဒပြမှုတွေမှာပါ အားတက်သရော ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

2021 ဟာလူတိုင်းအတွက် ခက်ခဲပင်ပန်းကြရသလို မေကလည်း အခုနှစ် တစ်နှစ်ပတ်လုံးမှာ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ ကြည့်နေရုံကလွဲပြီး ကိုယ်ဘာမှမတတ်နိုင်ခဲ့တဲ့ အချို့ကိစ္စတွေအတွက် အားနာရခြင်းတွေ နဲ့အဆိုးဆုံးကတော့ ကိုယ်သိပ်ချစ်ခင်ရတဲ့သူတွေကို နှုတ်ဆက်ခွင့်လေးတောင်မရလိုက်ပဲ နဲ့ ခွဲခွာလိုက်ရတဲ့ ခွဲခွာခြင်းတွေနဲ့တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ရည်ညွှန်းပြီး ‘အတိတ်မေ့ရောဂါ” ဆိုတဲ့ သီချင်းကို သူမက ဖန်တီးသီဆိုထားတာ ဖြစ်ပါတယ်။ “ဒီအချိန်မှာအားလုံးဟာ ပျော်မနေဘူးဆိုတာ ကျမနားလည်ပါတယ် အဲ့လိုပဲ ကျမလည်းဝေဝါးနေတဲ့ မနက်ဖြန်တွေကြားမှာကြိုးစားရှင်သန်ရင်း ပျော်ရွှင်မှုဆိုတာကို ပြန်ရှာနေရတဲ့သူတစ်ယောက်ပါ , ကျမရဲ့ အခုဒီသီချင်းကလည်း ပျော်စရာကောင်းနေမှာမဟုတ်ပါဘူး , ဒါပေမယ့် စစ်မှန်တဲ့နောက်တစ်ခု ထပ်ပေးခွင့်ရတဲ့အတွက် ကျမ ဝမ်းသာပါတယ်…

နောက်ဆုံးအနေနဲ့ ကျမတစ်ခုလောက်တောင်းဆိုပါရစေ, ကျမရဲ့ဒီသီချင်းလေးကို အခု Facebook မှာ တစ်ခါနားထောင်ပြီးရင် အောက်မှာပေးထားတဲ့ Link ကနေ မေ့ရဲ့ YouTube Channel အသစ်လေးမှာ တစ်ခေါက်ထပ်‌နားထောင်ပြီး တစ်ခါတည်း Subscribe လုပ်ခဲ့ပေးပါနော် , ကျွန်မလည်း မသေခင် သီချင်းတွေအများကြီး ထပ်ဖန်တီးချင်ပါသေးတယ် ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ပရိသတ်တွေကို ပြောကြားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အဆိုတော်မေ သီဆိုထားတဲ့ ‘အတိတ်မေ့ရောဂါ” သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit – MYANMAR LOAD

Add a Comment

Your email address will not be published.