ယင်းမာပင်နယ်တွင်စကစနှင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်၊

အဆုံးတွင်Videoဖိုင်ပါသည်။

ယင်းမာပင်နယ်တွင်စကစနှင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်၊

စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ်အတွင်းစစ်ကောင်စီလက်နက်ကိုင်များနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

ယနေ့ဒီဇင်ဘာ(၂၂)ရက်တွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းမြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ –

Myauk Yamar People’s Defence Force–MYPDFကသတင်းထုတ်ပြန်သည်။ယနေ့ဒီဇင်ဘာ(၂၂)ရက်တွင်ယင်မာပင်မြို့နယ်အတွင်းစကစလက်နက်ကိုင်များနှင့်

ယင်းမာပင်ခရိုင်PDFတပ်ဖွဲ့များနှစ်ဖက်ထိတွေ့ကာအပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစကစများကလက်နက်ကြီးများဖြင့်ပစ်ခတ်သလို

ယင်းမာပင်ခရိုင်PDFတပ်ဖွဲ့ကလည်းလက်မျိုးစုံဖြင့်ပြန်လည်ခုခံခဲ့သည်ဟုဆိသည်။အဆိုပါတိုက်ပွဲတွင်ယင်းမာပင်ခရိုင်PDFများဘက်မှအကျဆုံး မရှိဘဲ

စခများဘက်မှအသေစာရင်းကိုမူမသိရသေးဟုMYPDFကထုတ်ပြန်ထားသည်။ယခုဒီဇင်ဘာလဆန်းမှစတင်ကာယင်းမာပင်ခရိုင်အတွင်းရှိယင်းမာပင်၊ပုလဲ၊

ဆားလင်းကြီးနှင့်ကနီမြို့နယ်များသို့စစ်ကောင်စီကလက်နက်အင်အားအသားစီးယူကာစစ်ကြောင်းထိုးနေပြီးယင်းမာပင်ခရိုင်ပူးပေါင်းPDFတပ်ဖွဲ့များ

ကလည်းစကစများကိုခုခံတိုက်ခိုက်လျှက်ရှိရာပြင်းထန်သောတိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိသည်။MFP

Videoကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*