စနိုက်ပါ အပါအဝင် တာဝေးပစ်လက်နက်တွေ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တဲ့ ဝက်လက် PDF


ဝက်လက်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၁။









မြေလတ်အသံ

credit#

unicode

စနိုက်ပါ အပါအဝင် တာဝေးပစ်လက်နက်တွေ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တဲ့ ဝက်လက် PDF

ဝက်လက်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၁။

ဝက်လက်မြို့က လျှပ်စစ်ပျောက်ကြားတပ်ဖွဲ့အနေနဲ့ စနိုက်ပါ အပါအဝင် တာဝေးပစ်လက်နက်များ ထုတ်နိုင်နေပေမယ့်

ငွေးကြေးအခက်အခဲကြောင့် လက်ရှိမှာ ထုတ်လုပ်တာကို ရပ်နားထားရတယ်လို့ လျှပ်စစ်ပျောက်ကျားအဖွဲ့ တာဝန်ခံ ဆီက သိရပါတယ်။

တာဝေးပစ် လက်နက်တွေကို အဓိကထားပြီး ထုတ်လုပ်နေသလို စမ်းသပ်အောင်မြင်ခဲ့လို့ မဟာမိတ်အဖွဲ့တွေကိုပါနည်းပညာအပါအဝင်

လက်နက်တွေကိုပါ ဖြန့်ဝေပေးဖြစ်တယ်လို့ လျှပ်စစ်ပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုငရဲ ဆီက သိရပါတယ်။

“အဖွဲ့လိုအပ်ချက်ကတော့ လက်နက်များထုတ်လုပ်နိုင်ဖို့ ထောက်ပံ့ငွေ လိုအပ်နေပါတယ်ဗျ၊အဝေးပစ် Sniper တီထွင်နိုင်ပေမဲ့

ငွေကြေးအခက်အခဲကြောင့် တစ်လက်ပဲ တီထွင်ပြီး ရပ်ထားရပါတယ်ဗျ၊ Sniper တီထွင်တာ တစ်လက် ၈ သိန်းကျပ် ကုန်ကျပါတယ်ဗျ” လို့ ကိုငရဲ က ပြောပါတယ်။

လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီနဲ့ ထိပ်တိုက်ထိတွေ့တိုက်ခိုက်တာမျိုး မရှိသေးပေမယ့် မကြာခဏ

မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ

credit#

Add a Comment

Your email address will not be published.