ကျည်ဆန်ကြားက မိခင်…

က်ည္ဆန္ၾကားက မိခင္

”လက္နက္ႀကီးသံ ႏွစ္ခ်က္ၾကားေတာ့ ေမြးကာနီးေနၿပီ”

စစ္ေဘးေရွာင္ရင္း ကေလးေမြးဖြားသူကို ကူညီလုပ္ကိုင္ေပးသူက ျပန္ေျပာင္းေျပာျပျခင္း ျဖစ္သည္။

အဂၤါေန႔ညက ဖလူးစစ္ေဘးေရွာင္စခန္းမွာပင္ သားေယာက်ာ္းေလးတစ္ဦးကို စစ္ေရွာင္ရင္း ေမြးဖြားခဲ့ပုံကို ေျပာျပေနျခင္းျဖစ္သည္။

ေလးေက့ေကာ္ေဒသ၊ ဖလူးတြင္တိုက္ပြဲျဖစ္ပြားေနသည့္အတြက္ ေဒသခံတစ္ေယာက္ အေနျဖင့္ ဆက္လက္ေနထိုင္ရန္ မျဖစ္နိုင္သည့္အတြက္ စစ္ေဘးေရွာင္လာရျခင္း ျဖစ္ေၾကာင္း ကေလးမိခင္က ဆိုသည္။

သူ႔အမ်ိဳးသားျဖစ္သူမွာ ကရင္ေတာ္လွန္ေရးသမား တစ္ဦးျဖစ္သည့္အတြက္ လတ္တေလာ ေရွ႕တန္းေရာက္ေနသည္။

ေမြးတဲ့ရက္စြဲကလည္း အထင္ကရ။ ၂၁ရက္ေန႔ ၁၂လပိုင္း ၂၀၂၁ ခုႏွစ္။ ေမြးတဲ့အခ်ိန္က ၁၁နာရီ ၂၁မိနစ္။ အေမျဖစ္သူ အသက္က ၂၁ႏွစ္။

ေယာက်ာ္းသား ေဘးတြင္ မရွိေသာ္လည္း စိတ္အားငယ္တာမ်ိဳး မရွိေၾကာင္း ကေလးမိခင္က ဆိုသည္။

”ေယာက်ာ္းေလးေမြးတယ္ဆိုေတာ့ နာက်င္တာေတြ အကုန္ေပ်ာက္တာပဲ”ဟု သူက ဆိုသည္။

သူမအတြက္ စစ္ေဘးေရွာင္ရင္း ကေလးေမြးကသည္က ပထမအႀကိမ္ဆုံးေတာ့မဟုတ္ေခ်။ ပထမ ကေလးေမြးစဥ္တုန္းက ၿမိဳင္ႀကီးငူဘက္တြင္ တိုက္ပြဲျဖစ္တုန္းက ေမြးခဲ့ရျခင္းျဖစ္သည္။

လြန္ခဲ့သည့္ တစ္ႏွစ္ခြဲခန္႔က သူမ သားဦးေမြးစဥ္ ၿမိဳင္ႀကီးငူတစ္ေၾကာတြင္ တိုက္ပြဲျဖစ္ပြားေနၿပီး ေျပးရင္းလႊားရင္း ေမြးဖြားခဲ့သည္။ ထိုတိုက္ပြဲမ်ားၾကားတြင္ သူမ၏ အေမျဖစ္သူမွာ ေသနတ္က်ည္မွန္ၿပီး တိမ္းပါးခဲ့သည္။

ယခု ဒုတိယေျမာက္သားေလးေမြးေတာ့လည္း အေဖျဖစ္သူကေရွ႕တန္း ေရာက္ေနခ်ိန္။ သူမေျပာပုံက ဒီအျဖစ္ပ်က္မ်ားသည္ သာမန္ျဖစ္ရိုးျဖစ္စဥ္လိုပင္။

”ေမြးေမြးခ်င္းေတာ့ မသိဘူးေလ။ လက္နက္ႀကီးေတြက်လို႔ ေရွ႕တန္းေရာက္ေနတာ။ တညလုံးလည္း မအိပ္ရဘူး။ သတင္းၾကားၾကားျခင္းေတာ့ အရမ္းေပ်ာ္တာေပါ့”ဟု ကေလးဖခင္ျဖစ္သူ တျဖစ္လဲ ကရင္ေတာ္လွန္ေရး ရဲေဘာ္ျဖစ္သူက ေျပာသည္။

ကေလးအေဖကို ေစာင့္ေမၽွာ္ရင္း ကေလးမွာ ေရမြမ္းခဲ့ေသာ္လည္း လက္ရွိတြင္ ကေလးေရာမိခင္ပါ က်န္းမာသည္။

”ေယာက်ာ္းေလးေမြးေတာ့ ေပ်ာ္လည္းေပ်ာ္တယ္ ပိုၿပီးလည္း စိတ္ခ်ရတာေပါ့”ဟု ၎ေျပာသည္။

ကေလးေမြးၿပီးေသာ္လည္း လက္ရွိတြင္ တိုက္ပြဲမ်ား ျဖစ္ေပၚေနေသာေၾကာင့္ စစ္ေဘးေရွာင္စခန္းတြင္ မည္သည့္အခ်ိန္ထိ ေနရမည္ မည္သည့္ေနရာကို ထပ္မံေျပးရမည္ကို သူမ မသိေပ။

ဒီဇင္ဘာလ ၁၅ရက္က KNU တပ္မဟာ ၆နယ္ေျမ၊ ေလးေက့ေကာ္ေဒသတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ က်ဴးေက်ာ္ဝင္ေရာက္မႈေၾကာင့္ တိုက္ပြဲမ်ားျဖစ္ပြားေနသည္။

ဖလူးေဒသတြင္ ဒီဇင္ဘာလ ၁၉ရက္က တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ေဒသခံျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ေနရသည္။ ဖလူးေဒသတြင္ စစ္ေဘးေရွာင္ ၆၀၀၀ ခန႔္ရွိၿပီး ေလးေက့ေကာ္ေဒသတစ္ခုလုံးဆိုပါက စစ္ေဘးေရွာင္ျပည္သူ ေသာင္းႏွင့္ခ်ီရွိေနသည္။

ေမာင္မ်ိဳး

unicode

ကျည်ဆန်ကြားက မိခင်

”လက်နက်ကြီးသံ နှစ်ချက်ကြားတော့ မွေးကာနီးနေပြီ”

စစ်ဘေးရှောင်ရင်း ကလေးမွေးဖွားသူကို ကူညီလုပ်ကိုင်ပေးသူက ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

အင်္ဂါနေ့ညက ဖလူးစစ်ဘေးရှောင်စခန်းမှာပင် သားယောကျာ်းလေးတစ်ဦးကို စစ်ရှောင်ရင်း မွေးဖွားခဲ့ပုံကို ပြောပြနေခြင်းဖြစ်သည်။

လေးကေ့ကော်ဒေသ၊ ဖလူးတွင်တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံတစ်ယောက် အနေဖြင့် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သည့်အတွက် စစ်ဘေးရှောင်လာရခြင်း ဖြစ်ကြောင်း ကလေးမိခင်က ဆိုသည်။

သူ့အမျိုးသားဖြစ်သူမှာ ကရင်တော်လှန်ရေးသမား တစ်ဦးဖြစ်သည့်အတွက် လတ်တလော ရှေ့တန်းရောက်နေသည်။

မွေးတဲ့ရက်စွဲကလည်း အထင်ကရ။ ၂၁ရက်နေ့ ၁၂လပိုင်း ၂၀၂၁ ခုနှစ်။ မွေးတဲ့အချိန်က ၁၁နာရီ ၂၁မိနစ်။ အမေဖြစ်သူ အသက်က ၂၁နှစ်။

ယောကျာ်းသား ဘေးတွင် မရှိသော်လည်း စိတ်အားငယ်တာမျိုး မရှိကြောင်း ကလေးမိခင်က ဆိုသည်။

”ယောကျာ်းလေးမွေးတယ်ဆိုတော့ နာကျင်တာတွေ အကုန်ပျောက်တာပဲ”ဟု သူက ဆိုသည်။

သူမအတွက် စစ်ဘေးရှောင်ရင်း ကလေးမွေးကသည်က ပထမအကြိမ်ဆုံးတော့မဟုတ်ချေ။ ပထမ ကလေးမွေးစဉ်တုန်းက မြိုင်ကြီးငူဘက်တွင် တိုက်ပွဲဖြစ်တုန်းက မွေးခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူမ သားဦးမွေးစဉ် မြိုင်ကြီးငူတစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြေးရင်းလွှားရင်း မွေးဖွားခဲ့သည်။ ထိုတိုက်ပွဲများကြားတွင် သူမ၏ အမေဖြစ်သူမှာ သေနတ်ကျည်မှန်ပြီး တိမ်းပါးခဲ့သည်။

ယခု ဒုတိယမြောက်သားလေးမွေးတော့လည်း အဖေဖြစ်သူကရှေ့တန်း ရောက်နေချိန်။ သူမပြောပုံက ဒီအဖြစ်ပျက်များသည် သာမန်ဖြစ်ရိုးဖြစ်စဉ်လိုပင်။

”မွေးမွေးချင်းတော့ မသိဘူးလေ။ လက်နက်ကြီးတွေကျလို့ ရှေ့တန်းရောက်နေတာ။ တညလုံးလည်း မအိပ်ရဘူး။ သတင်းကြားကြားခြင်းတော့ အရမ်းပျော်တာပေါ့”ဟု ကလေးဖခင်ဖြစ်သူ တဖြစ်လဲ ကရင်တော်လှန်ရေး ရဲဘော်ဖြစ်သူက ပြောသည်။

ကလေးအဖေကို စောင့်မျှော်ရင်း ကလေးမှာ ရေမွမ်းခဲ့သော်လည်း လက်ရှိတွင် ကလေးရောမိခင်ပါ ကျန်းမာသည်။

”ယောကျာ်းလေးမွေးတော့ ပျော်လည်းပျော်တယ် ပိုပြီးလည်း စိတ်ချရတာပေါ့”ဟု ၎င်းပြောသည်။

ကလေးမွေးပြီးသော်လည်း လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပေါ်နေသောကြောင့် စစ်ဘေးရှောင်စခန်းတွင် မည်သည့်အချိန်ထိ နေရမည် မည်သည့်နေရာကို ထပ်မံပြေးရမည်ကို သူမ မသိပေ။

ဒီဇင်ဘာလ ၁၅ရက်က KNU တပ်မဟာ ၆နယ်မြေ၊ လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ဖလူးဒေသတွင် ဒီဇင်ဘာလ ၁၉ရက်က တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖလူးဒေသတွင် စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိပြီး လေးကေ့ကော်ဒေသတစ်ခုလုံးဆိုပါက စစ်ဘေးရှောင်ပြည်သူ သောင်းနှင့်ချီရှိနေသည်။

မောင်မျိုး

Add a Comment

Your email address will not be published.