NUG ကို စစ်ဦးချိုးဖို့ လုပ်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်
|NUG အသင့်ဖြစ်တော့မယ်အချိန်မတိုင်ခင်လက်ဦးမူ ယူပြီးတော့ စစ်ရေး ထပ်မြှင့်လိုက်တယ်
တကယ်က NUG သွားနေတဲ့ပုံစံ တော်တော်ကောင်းနေပြီလို့ ပြောလို့ရတဲ့အနေအထားပါ
EAOs တွေနဲ့ ခိုင်မာတဲ့ စစ်ရေးမဟာမိတ်ရလာတယ်
ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့ ပြောက်ကျားတပ်ဖွဲ့တွေများစွာ 90% စည်းရုံးနိုင်ခဲ့ပြီးဖြစ်တယ်
EAOs NUG PDF LDF CDM စစ်သားတွေပါဝင်တဲ့ C3C ဖွဲ့စည်းထားနိုင်ပြီဖြစ်တာတွေကတကယ်ကို
နည်းမှန်လမ်းမှန် စစ်ဆင်ရေးပုံစံဖြစ်တယ်
C3C ဟာ စစ်ကိုင်းတိုင်းထဲ နယ်မြေတချ့ိုတွေမှာအသက်ဝင်နေတာကြာပီဖြစ်သလို
KIA ကလဲစစ်ကိုင်းတိုင်းထဲထိ ဆင်းကူတိုက်နေတာ ကြာနေပီ
တဖက်မှာ NUG အနေအထားကို ပြန်ကြည့်ရင်ရာဖယ်သစ်ကတ်တွေ ရောင်းထားတဲ့ငွေတချ့ိုရှိတယ်
ဒီကြားထဲ ဆိုးသွားတချ့ိုက YGN ကိုဂျင်မီကေ့စ်နဲ့ကိုဇေယျာသော်ကေ့စ်မှာ လက်နက်တွေ ပါသွားတယ်
ဘွန်းရောင်းပြီးရင်တော့ တော်လှန်ရေးနောက်တဆင့်ကျိန်းသေသွားနိုင်တဲ့ အခြေအနေလို့ ပြောလို့ရတယ်
ကြားထဲမှာ မထင်မှတ်ထားပဲ ဘွန်းက စရောင်းပြီးမကြာခင်ပြန်လည်အချိန်ယူနေရတဲ့ပြသာနာတချ့ို ရှိသွားတယ်
ရှေ့ပတ်တွေက ရေးဖူးတဲ့ပို့စ်လိုပါပဲ နောက်ထပ်တလနဲ့နှစ်လအတွင်းက တော်လှန်ရေးက လုံးဝကို
အလှည့်အပြောင်းလုပ်လို့ရတဲ့ အခြေအနေတခုကို ရောက်တော့မယ့်အချိန်စစ်ကောင်စီဖက်က NUG စစ်ဦး ချိုးချင်လို့ တိုက်စစ်မြှင့်တယ်
အဖွဲ့အများစုကို လက်နက်မဖြည့်ဆည်းနိုင်သေးတဲ့အချိန်NUG အောက် PDF တောင် အားလုံးလက်နက်မဆင်နိုင်ချိန်
စစ်တပ်က တောင်ပိုင်းစစ်မျက်နှာ ဖွင့်လာတော့ NUGအတွက် ဘေးကြပ်နံကြပ် ဖြစ်စေမှာတော့အမှန်ဖြစ်တယ်
အဓိကက လက်နက်နဲ့ စစ်ထောက်ပို့ မပြည့်စုံသေးချိန်တိုက်ပွဲက ရှောင်မရဖြစ်သွားတာ
NUG အတွက်အများအမြင်မှာ ဝေဖန်မေးခွန်းထုတ်စရာ ဖြစ်လာတယ်
ဝေဖန်တဲ့သူတွေလဲမမှားသလို တဖက်မှာရလာတဲ့ငွေနဲ့NUG ပြန်သုံးစွဲနေရတဲ့အစိုးရအသုံးစရိတ်
စစ်အသုံးစရိတ်တွေလက်နက်ဖြည့်ဆည်းနေတာအချိန်မတိုင်ခင်မှာ တိုက်ပွဲကြီးရင်ဆိုင်လိုက်ရတာလို့
မြင်မိတဲ့အတွက် ကိုယ်တဦးတည်းအနေနဲ့အချိန်ပေးဖို့လိုမယ်လို့ပဲ မြင်တယ် ငွေရလာတိုင်း
လိုအပ်တဲ့အရေအတွက်အတိုင်း လက်နက်ရဖို့ဆိုတာ အချိန်လိုပါတယ်
အဆိုးထဲက အကောင်းဖြစ်လာတာ တောင်ပိုင်းစစ်ရေးမှာKNU ဖက်ကလဲ ပြတ်ပြတ်သားသား ဖြစ်သွားပြီဖြစ်လို့
NUG ဖက်ကသာ ငွေရှာနိုင်မယ် လက်နက်ဝယ်နိုင်မယ်ဆိုရင်တော်လှန်ရေးက လုံးဝ အလှည့်အပြောင်း ဖြစ်ပြီဆိုတာပါပဲ
ကိုယ်တွေတောင် သိရင် NUG လဲ လက်နက်ရရှိရေးကိုကြိုးပမ်းနေမယ်ဆိုတာ သေချာပါတယ် စိတ်ရှည်ရအောင်ပါ