အိမ်မှာနေရင်း ဖုန်းအခိုးခံခဲ့ရတဲ့ ဝန်ထမ်းလေးတွေအတွက် ဖုန်းအသစ်နှစ်လုံးချက်ချင်းဝယ်ပြီးလက်ဆောင်ပေးခဲ့တဲ့ သားစိုး

မြန်မာသံစဉ်တေးသီချင်းတွေနဲ့ အနောက်နိုင်ငံက ခေတ်ပေါ်ဂီတကို ပေါင်းစပ်ပြီး မြူးမြူးကြွကြွတေးသီချင်းတွေကို ဖန်တီးတတ်တဲ့ အဆိုတော်သားစိုးကိုတော့ ပရိသတ်ကြီးအတွက် အထွေအထူးမိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။ သားစိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သူ့အမေရဲ့နေအိမ်မှာ သူခိုးခိုးခံခဲ့ရတဲ့အကြောင်း ပရိသတ်ကိုဝေမျှသတိပေးခဲ့ပြီးနောက် ဒီကနေ့မှာတော့ သူတို့အိမ်မှာအလုပ်လုပ်ရင်း ဖုန်းခိုးခံခဲ့ရတဲ့ ဝန်ထမ်းလေးနှစ်ယောက်အတွက် ဖုန်းအသစ်နှစ်လုံးဝယ်ပေးဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

သားစိုးက “ဟိုနေ့က ဖုန်းအခိုးခံရလို့ပါသွားတဲ့ ဝန်ထမ်းလေး ၂ ယောက်ရဲ့ ဖုန်း ၂ လုံးကိုလက်ဆောင်အနေနဲ့ ပြန်ဝယ်ပေးလိုက်ပါပြီ။ အဲနေ့ကသူပုံမလှလို့တဲ့ အမေက ကျွန်တော်ကိုဆူနေပါတယ်။😁 အဲဒါနဲ့ဒီနေ့ ဝန်ထမ်းလေးတွေကိုဖုန်းပြန်ပေးရင်း၊အမေပုံထပ်တင်ပေးလိုက်ပါတယ်။ သူရဲ့အလှပုံလေးလည်း တင်ပေးလိုက်ပါတယ်နော်😁။ သူအခိုးခံရတဲ့စာဖတ်ပြီး လူတွေပိုဂရုစိုက်မိကြမယ်လို့ထင်ပါသတဲ့။ အမေက ထပ်မှာပါတယ်။ အားလုံးပိုဂရုစိုက်ကြပါတဲ့။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။

သားစိုးကတော့ ဖုန်းအခိုးခံရတဲ့ ဝန်ထမ်းလေးနှစ်ယောက်အတွက် အလုပ်ရှင်ပီသစွာနဲ့ပဲ ဖုန်းအသစ်နှစ်လုံးကို ချက်ချင်းဆိုသလို ဝယ်ပေးခဲ့တဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။

Source: သားစိုး’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.