ကိုယ်ဝန်ဆောင်ချိန်တုန်းက ပင်ပန်းခက်ခဲလွန်းလို့ သေချင်စိတ်တွေအကြိမ်ကြိမ်ဖြစ်ခဲ့တယ်ဆိုတဲ့ ဒေါက်တာမြဝတ်ရည်

စကားပြောသွက်လက်သလို မှန်ရာကိုစိတ်ထဲရှိတဲ့အတိုင်းလုပ်ကိုင်တတ်တဲ့ ဆရာဝန်မလေး ဒေါက်တာမြဝတ်ရည်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ဒေါက်တာမြဝတ်ရည်ဟာ အနုပညာရှင်မဟုတ်ပေမယ့် သူမရဲ့ ပွင့်လင်းပြတ်သားတဲ့ အပြောအဆိုတွေကြောင့် အွန်လိုင်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်လို့နေတာပဲဖြစ်ပါတယ်။ မှန်ရာကို ရဲရဲဝံ့ဝံ့လုပ်ဖို့ ဝန်မလေးတတ်တဲ့ ဒေါက်တာမြဝတ်ရည်ဟာ အခုလက်ရှိနွေဦးတော်လှန်ရေးမှာလည်း ဓမ္မဘက်ကနေရပ်တည်ပြီး သမီးလေးတစ်ဖက်နဲ့ ပြည်သူတစ်ယောက်ပြုလုပ်ရမယ့် တာဝန်ဝတ္တရားတွေကို လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

သမီးလေးမွေးဖွားပြီးတဲ့နောက် သမီးလေးရဲ့စိတ်နဲ့ပဲ ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ဒေါက်တာမြဝတ်ရည်ဟာ ဒီကနေ့မှာလည်း သူမရဲ့ခံစားချက်နဲ့ ပက်သတ်ပြီး “Coup စဖြစ်ကတည်းက မှန်တဲ့ဘက် လျှောက်ခဲ့လိုက်တာ။ ကြုံရသမျှ အခက်အခဲ ဒုက္ခတွေကို ဆွေမျိုးအသိုင်းအဝိုင်းဆီကထက် တစ်ခါမှ မတွေ့ မမြင်ဖူးတဲ့ သူစိမ်းတွေဆီက ကူညီဖေးမစောင့်ရှောက်မှုတွေနဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက တစ်ခါတစ်ရံ ခက်ခဲပင်ပန်းလွန်းလို့ လှည့်ကြည့်လိုက်ရင် ငါ့အတွက် ငါပဲ ရှိလို့ သေချင်စိတ်တွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ခုတော့ ငါ့သမီးအတွက် ငါရှိမှ ဖြစ်မယ်ဆိုတာနဲ့ပဲ အသက်ဆက်နေရတယ်။ ဘဝက မအေးအေးဝင်း စီစဉ်သလို မဟုတ်နေဘူးလေ မအလ is မအလ ပါပဲ 😮‍💨🤧 ” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ဒေါက်တာမြဝတ်ရည်ကတော့ ကိုယ်ဝန်ကြီးတဖက်နဲ့ တိမ်းရှောင်ခဲ့ရတာဖြစ်ပြီး စိတ်ဓာတ်အကြိမ်ကြိမ်ကျခဲ့ရပေမယ့် အခုသမီးလေးမွေးဖွားပြီးချိန်မှာတောင် သမီးလေးရဲ့စိတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်နေပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။

Source: Dr. မြဝတ်ရည်’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ကိုယ်ဝန်ဆောင်ချိန်တုန်းက ပင်ပန်းခက်ခဲလွန်းလို့ သေချင်စိတ်တွေအကြိမ်ကြိမ်ဖြစ်ခဲ့တယ်ဆိုတဲ့ ဒေါက်တာမြဝတ်ရည်

စကားပြောသွက်လက်သလို မှန်ရာကိုစိတ်ထဲရှိတဲ့အတိုင်းလုပ်ကိုင်တတ်တဲ့ ဆရာဝန်မလေး ဒေါက်တာမြဝတ်ရည်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ဒေါက်တာမြဝတ်ရည်ဟာ အနုပညာရှင်မဟုတ်ပေမယ့် သူမရဲ့ ပွင့်လင်းပြတ်သားတဲ့ အပြောအဆိုတွေကြောင့် အွန်လိုင်းဆယ်လီဘရစ်တီတစ်ယောက်ဖြစ်လို့နေတာပဲဖြစ်ပါတယ်။ မှန်ရာကို ရဲရဲဝံ့ဝံ့လုပ်ဖို့ ဝန်မလေးတတ်တဲ့ ဒေါက်တာမြဝတ်ရည်ဟာ အခုလက်ရှိနွေဦးတော်လှန်ရေးမှာလည်း ဓမ္မဘက်ကနေရပ်တည်ပြီး သမီးလေးတစ်ဖက်နဲ့ ပြည်သူတစ်ယောက်ပြုလုပ်ရမယ့် တာဝန်ဝတ္တရားတွေကို လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

သမီးလေးမွေးဖွားပြီးတဲ့နောက် သမီးလေးရဲ့စိတ်နဲ့ပဲ ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ဒေါက်တာမြဝတ်ရည်ဟာ ဒီကနေ့မှာလည်း သူမရဲ့ခံစားချက်နဲ့ ပက်သတ်ပြီး “Coup စဖြစ်ကတည်းက မှန်တဲ့ဘက် လျှောက်ခဲ့လိုက်တာ။ ကြုံရသမျှ အခက်အခဲ ဒုက္ခတွေကို ဆွေမျိုးအသိုင်းအဝိုင်းဆီကထက် တစ်ခါမှ မတွေ့ မမြင်ဖူးတဲ့ သူစိမ်းတွေဆီက ကူညီဖေးမစောင့်ရှောက်မှုတွေနဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက တစ်ခါတစ်ရံ ခက်ခဲပင်ပန်းလွန်းလို့ လှည့်ကြည့်လိုက်ရင် ငါ့အတွက် ငါပဲ ရှိလို့ သေချင်စိတ်တွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ခုတော့ ငါ့သမီးအတွက် ငါရှိမှ ဖြစ်မယ်ဆိုတာနဲ့ပဲ အသက်ဆက်နေရတယ်။ ဘဝက မအေးအေးဝင်း စီစဉ်သလို မဟုတ်နေဘူးလေမအလ is မအလ ပါပဲ 😮‍💨🤧 ” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ဒေါက်တာမြဝတ်ရည်ကတော့ ကိုယ်ဝန်ကြီးတဖက်နဲ့ တိမ်းရှောင်ခဲ့ရတာဖြစ်ပြီး စိတ်ဓာတ်အကြိမ်ကြိမ်ကျခဲ့ရပေမယ့် အခုသမီးလေးမွေးဖွားပြီးချိန်မှာတောင် သမီးလေးရဲ့စိတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်နေပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။

Source: Dr. မြဝတ်ရည်’s fb

Add a Comment

Your email address will not be published.