အနုပညာရှင်အားလုံးက လက်ဖျားခါရလောက်အောင်ကောင်းတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ယိုးဒယားမုန့်ဟင်းခါး

ပရိသတ်တွေက ချစ်စနိုးနဲ့ ဝိုင်းစုလို့ အဖျားဆွတ်ခေါ်ကြတဲ့ ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်လောကမှာရော ဂီတလောကမှာပါ အောင်မြင်မှုရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းတော်တဲ့ ဝိုင်းစုခိုင်သိန်းက နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ဖြစ်တော့ပဲ ဂီတဖက်ကိုသာပိုမိုအာရုံစိုက်လုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေအားလုံးရပ်နားထားတဲ့ ဝိုင်းစုခိုင်သိန်းဟာ သူမကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်တတ်တဲ့ ယိုးဒယားမုန့်ဟင်းခါးကို စတင်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းက မရောင်းချခင်မှာ သူမနဲ့နီးစပ်တဲ့ အနုပညာရှင်တွေကို လက်ဆောင်ပို့ပေးခဲ့ရာ အနုပညာရှင်အားလုံးက ဝိုင်းစုရဲ့ ယိုးဒယားမုန့်ဟင်းခါးလက်ရာက လက်ဖျားခါရလောက်အောင်ကောင်းတယ်လို့ တညီတညွတ်တည်းဆိုကြပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ယိုးဒယားမုန့်ဟင်းခါးလက်ရာဟာ စားဖူးသူတိုင်းကြိုက်နှစ်သက်ကြတဲ့အပြင် အော်ဒါတွေကလည်းဆက်တိုက်တက်နေတယ်လို့ ဝိုင်းစုရဲ့မေမေကလည်းဆိုပါတယ်။ ဝိုင်းစုတစ်ယောက် အနုပညာလောကမှာအောင်မြင်မှုရရှိသလို အခုလည်း အများကြီးရောင်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:K.K.K’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*