အခြေခံပညာ အလယ်တန်း ပထမနှစ်ဝက် စာမေးပွဲ ဖြေဆိုချိန်များ ကြေညာပြီ

နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ပထမနှစ်ဝက်စာမေးပွဲ စတင်ဖြေဆိုရမယ်လို့ သိရပါတယ်။

စကစရဲ့ ပညာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပထမနှစ်ဝက်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ စတင်ကာဖြေဆိုရမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှအရာရှိတစ်ဦးက“အလယ်တန်းကျောင်းတွေ ဖြေရမှာပေါ့။ ၈ တန်းအထိပေါ့။ တစ်နိုင်ငံလုံးကကျောင်းတွေအကုန်လုံး တစ်ရက်တည်း စဖြေရမှာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

နိုင်ငံအတွင်းရှိ ပုဂ္ဂိလိက ကိုယ်ပိုင်ကျောင်းများ၊ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ တစ်ရက်တည်း တချိန်တည်း စတင်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ထဲက ကျောင်းဖွင့်ထားပေမယ့်လည်း တချို့ကျောင်းတွေမှာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ အလုံအလောက် မရှိတာကြောင့် ကျောင်းလာတက်သူများအတွက် သင်ကြားရေးပေးမှာ အားနည်း လျက်ရှိကြောင်း ကျောင်းသား မိဘများက ပြောဆိုလျက် ရှိနေကြပါတယ်။

Zawgyi

ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ႏိုင္ငံအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားကို လာမယ့္ ဇန္နဝါရီလအတြင္းမွာ ပထမႏွစ္ဝက္စာေမးပြဲ စတင္ေျဖဆိုရမယ္လို႔ သိရပါတယ္။

စကစရဲ႕ ပညာေရးဝန္ႀကီးဌာနမွ ေျပာၾကားခ်က္အရ အေျခခံပညာအလယ္တန္းေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ပထမႏွစ္ဝက္စာေမးပြဲကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္မွ စတင္ကာေျဖဆိုရမယ္လို႔ သိရပါတယ္။

ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွအရာရွိတစ္ဦးက“အလယ္တန္းေက်ာင္းေတြ ေျဖရမွာေပါ့။ ၈ တန္းအထိေပါ့။ တစ္ႏိုင္ငံလုံးကေက်ာင္းေတြအကုန္လုံး တစ္ရက္တည္း စေျဖရမွာ ျဖစ္ပါတယ္”လို႔ေျပာပါတယ္။

ႏိုင္ငံအတြင္းရွိ ပုဂၢိလိက ကိုယ္ပိုင္ေက်ာင္းမ်ား၊ အစိုးရေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားပါ တစ္ရက္တည္း တခ်ိန္တည္း စတင္ေျဖဆိုရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ႏိုဝင္ဘာ ၁ ရက္ေန႔ထဲက ေက်ာင္းဖြင့္ထားေပမယ့္လည္း တခ်ိဳ႕ေက်ာင္းေတြမွာ သင္ၾကားေပးတဲ့ ဆရာ၊ ဆရာမေတြ အလုံအေလာက္ မရွိတာေၾကာင့္ ေက်ာင္းလာတက္သူမ်ားအတြက္ သင္ၾကားေရးေပးမွာ အားနည္း လ်က္ရွိေၾကာင္း ေက်ာင္းသား မိဘမ်ားက ေျပာဆိုလ်က္ ရွိေနၾကပါတယ္။

Add a Comment

Your email address will not be published.