နေပြည်တော်လယ်ဝေးမြို့မှာ နေထိုင်တဲ့CDMကျောင်းဆရာတယောက်ကိုစစ်ကောင်စီတပ်ဖွဲ့တွေက

အဆုံးတွင်Videoဖိုင်ပါသည်။



နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့မှာနေထိုင်တဲ့CDMကျောင်းဆရာတယောက်ကိုစစ်ကောင်စီတပ်ဖွဲ့တွေကဒီဇင်ဘာ၂၀ရက်ညပိုင်းမှာဖမ်းဆီးသွားပြီး


ကိုလမင်းမောင်ကိုဒီဇင်ဘာလ၂၀ရက်ညပိုင်းမှာအရပ်ဝတ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလယ်ဝေးမြို့ကExcellentစားသောက်ဆိုင်မှာဖမ်းဆီးသွားတာပါ။

ဒီဇင်ဘာ၂၁ရက်နေ့လယ်၁၂နာရီလောက်မှာကိုလမင်းမောင်​ေ သဆုံးသွားကြောင်းရဲစခန်းကမိသားစုကိုအကြောင်းကြားလာတာဖြစ်တယ်လို့မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

လယ်ဝေးမြို့အမှတ်၆ရပ်ကွက်မှာနေထိုင်တဲ့ကိုလမင်းမောင်ဟာလယ်ဝေးမြို့၊မဒေါ့ပင်ကျေးရွာစာသင်ကျောင်းကအလယ်တန်းပြကျောင်းဆရာတစ်ဦးဖြစ်ပြီး

မတ်လကတည်းကCDMပြုလုပ်ထားသူဖြစ်တယ်လို့ကိုလမင်းမောင်ရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်းကရပ်ကွက်နဲ့ ကျေးရွာတွေမှာ

နေထိုင်သူတချို့ကိုစစ်ကောင်စီကအကြောင်းပြချက်မရှိဘဲဖမ်းဆီးကာစစ်ကြောရေးမှာနှိပ်စက်စစ်ဆေးတာတွေလုပ်လေ့ရှိသလို

စစ်ကြောရေးမှာသေဆုံးသွားသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ

စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံထားရသူအယောက်၁၀၀လောက်ရှိပြီလို့ဒေသခံတွေထံကသိရပါတယ်။

Videoကြည့်ရန်

 

Add a Comment

Your email address will not be published.