လှည်းကူးက ပျူစောထီးခေါင်းဆောင်စောဖိုးခွားနဲ့သားဖြစ်သူကြက်ဝိုင်းကပြန်လာစဥ်

လှည်းကူးကပျူစောထီးခေါင်းဆောင်တစ်ဦးနှင့်သားဖြစ်သူကြက်ဝိုင်းကပြန်လာစဥ်ပ.စ်သ.တ်ခံရ

ရန်ကုန်၊လှည်းကူးတွင်ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူစောဖိုးခွားနှင့်၄င်း၏သားဖြစ်သူကိုယနေ့ဒီဇင်ဘာလ၂၂ရက်နေ့၊ညနေ၅နာရီဝန်းကျင်ခန့်က

အမည်မသိအဖွဲ့ကသေနတ်ဖြင့်ပ.စ်သ.တ်ခဲ့ကြောင်းမြို့ခံများမှပြောသည်။လှည်းကူးမြို့နယ်၏ပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားသည်

၄င်း၏သားဖြစ်သူနှင့်ကြက်ဝိုင်းမှဆိုင်ကယ်ဖြင့်ပြန်လာစဥ်ကျွန်းကလေးကျေးရွာ၊အာဇီဝမှတ်တိုင်အနီးတွင်ပ.စ်သ.တ်ခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များကလည်းပြောသည်။

“ကြက်ဝိုင်းကသူ့သားနဲ့သူပြန်လာတာ၊ဆိုင်ကယ်နဲ့၊အာဇီဝမှတ်တိုင်နားမှာအပ.စ်ခံလိုက်ရတာ။သူ့သားကတော့ပွဲချင်းပြီးပဲ။

သူ့ကိုဆေးရုံကားနဲ့ခေါ်သွားတယ်။အခုကြားတာကတော့သေပြီ”ဟုမြို့ခံတချို့ကလည်းအတည်ပြုသည်။ပ.စ်ခံလိုက်ရသူစောဖိုးခွားသည်လှည်းကူးမြို့နယ်တွင်လူအင်အား၂၀ခန့်ဖြင့်

ပျူစောထီးအဖွဲ့ကိုဖွဲ့စည်းထားကာမတရားမှုများပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်းလည်းလှည်းကူးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသြဂုတ်လ၁၂ရက်နေ့တွင်ထုတ်ပြန်ထားဖူးသေးသည်။

ယခုလက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကျွန်းကလေးကျေးရွာတွင်ရောက်ရှိနေပြီးစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။Credit

Zawgyi Version

လှည်းကူးကပျူစောထီးခေါင်းဆောင်တစ်ဉီးနှင့်သားဖြစ်သူကြက်ဝိုင်းကပြန်လာစဉ်ပ.စ်သ.တ်ခံရ

ရန်ကုန်၊လှည်းကူးတွင်ပျူစောထီးခေါင်းဆောင်တစ်ဉီးဖြစ်သူစောဖိုးခွားနှင့်၎င်း၏သားဖြစ်သူကိုယနေ့ဒီဇင်ဘာလ၂၂ရက်နေ့၊ညနေ၅နာရီဝန်းကျင်ခန့်က

အမည်မသိအဖွဲ့ကသေနတ်ဖြင့်ပ.စ်သ.တ်ခဲ့ကြောင်းမြို့ခံများမှပြောသည်။လှည်းကူးမြို့နယ်၏ပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူဉီးအောင်ကြည်သိန်း(ခ)စောဖိုးခွားသည်

၎င်း၏သားဖြစ်သူနှင့်ကြက်ဝိုင်းမှဆိုင်ကယ်ဖြင့်ပြန်လာစဉ်ကျွန်းကလေးကျေးရွာ၊အာဇီဝမှတ်တိုင်အနီးတွင်ပ.စ်သ.တ်ခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များကလည်းပြောသည်။

“ကြက်ဝိုင်းကသူ့သားနဲ့သူပြန်လာတာ၊ဆိုင်ကယ်နဲ့၊အာဇီဝမှတ်တိုင်နားမှာအပ.စ်ခံလိုက်ရတာ။သူ့သားကတော့ပွဲချင်းပြီးပဲ။

သူ့ကိုဆေးရုံကားနဲ့ခေါ်သွားတယ်။အခုကြားတာကတော့သေပြီ”ဟုမြို့ခံတချို့ကလည်းအတည်ပြုသည်။ပ.စ်ခံလိုက်ရသူစောဖိုးခွားသည်လှည်းကူးမြို့နယ်တွင်လူအင်အား၂၀ခန့်ဖြင့်

ပျူစောထီးအဖွဲ့ကိုဖွဲ့စည်းထားကာမတရားမှုများပြုလုပ်နေသူတစ်ဉီးဖြစ်ကြောင်းလည်းလှည်းကူးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသြဂုတ်လ၁၂ရက်နေ့တွင်ထုတ်ပြန်ထားဖူးသေးသည်။

ယခုလက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကျွန်းကလေးကျေးရွာတွင်ရောက်ရှိနေပြီးစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။Credit

 

Be the first to comment

Leave a Reply

Your email address will not be published.


*