ဆောင်းရာသီဖက်ရှင်လေးနဲ့ ကိုရီးယား​မလေး လို့တောင် အထင်မှားရလောက်တဲ့ ဧငြိမ်းဖြူရဲ့ချစ်စရာပုံရိပ်လေး

ေဆာင္းရာသီဖက္ရွင္ေလးနဲ႔ ကိုရီးယား​မေလး လို႔ေတာင္ အထင္မွားရေလာက္တဲ့ ဧၿငိမ္းျဖဴရဲ႕ခ်စ္စရာပုံရိပ္ေလး

ပရိသတ္ႀကီးေရ ဧၿငိမ္းျဖဴေလးကေတာ့ ဘိုမ႐ုပ္ေလးနဲ႔တူတဲ့ မင္းသမီးေလးလို႔ ပရိသတ္ေတြက ေျပာေလ့ရွိၾကၿပီး ျမန္မာ႐ုပ္သံေနာက္ခံဇာတ္လမ္းတြဲမွာလည္း ပါဝင္ခဲ့တာေၾကာင့္လည္း ပရိသတ္ေတြ သတိထားမိလာတာလို႔ဆိုရမွာပါ။ Cover Dance ေတြလည္းကေလ့ရွိတဲ့သူေလး ျဖစ္ၿပီး အခုေနာက္ပိုင္းမွာအႏုပညာအလုပ္ေတြဆက္တိုက္လုပ္လာၿပီလို႔ဆိုရမွာပါ။

သူမရဲ႕အခ်စ္ေရးကေတာ့ ပရိသတ္ေတြကိုအထူးမိတ္ဆက္ေပးစရာမလိုတဲ့ ျပည္သူ႔အခ်စ္ေတာ္ ႏိုင္ငံေက်ာ္အဆိုေတာ္ရဲရင့္ေအာင္နဲ႔ ခ်စ္သူစုံတြဲေတြျဖစ္ၿပီး ခိုင္ၿမဲတဲ့ တြဲလက္ေတြနဲ႔ အတူ ေအးတူပူအမွ်လက္တြဲခဲ့ၾကတာ သက္တမ္း(၄)ႏွစ္ေက်ာ္ခဲ့ၿပီပဲ ျဖစ္တဲ့အျပင္ လိုက္ဖက္ညီလွတဲ့ စုံတြဲေလးတစ္တြဲလို႔လည္း ဆိုႏိုင္ပါတယ္။

ပရိသတ္ေတြ ခ်စ္ခင္သေဘာက်ရတဲ့ အႏုပညာရွင္စုံတြဲေတြထဲက ရဲရင့္ေအာင္နဲ႔ ဧၿငိမ္းျဖဴတို႔စုံတြဲေလးတစ္တြဲအပါအဝင္ျဖစ္ၿပီး နားလည္မႈရွိရွိနဲ႔လက္တြဲကာ သာယာေပ်ာ္႐ႊင္တဲ့ ခ်စ္သူစုံတြဲဘဝေလးကိုပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ဧၿငိမ္းျဖဴဟာ ေဆာင္းရာသီနဲ႔အလိုက္ဖက္ဆုံးဖက္ရွင္ေလးကိုဝတ္ဆင္ကာ ကိုရီးယားမေလးလို႔ေတာင္အထင္မွားရေလာက္တဲ့ အလွပုံေလးေတြကိုတင္လာခဲ့တာပါ။

ခ်စ္တဲ့သူမရဲ႕ပရိသတ္ေလးေတြကေတာ့ စတိုင္ုင္အမိုက္စားနဲ႔လွေနတဲ့ ဧၿငိမ္းျဖဴကို ခ်စ္မဝတဲ့ မွတ္ခ်က္ေတြေပးေနၾကတာပါ။ ပရိသတ္ေတြလည္း ဧၿငိမ္းျဖဴကို ခ်စ္ရင္မွတ္ခ်က္ေလးေတြေပးခဲ့ၾကပါဦးေနာ္။
Credit – Cele Gabar

Unicode
ဆောင်းရာသီဖက်ရှင်လေးနဲ့ ကိုရီးယား​မလေး လို့တောင် အထင်မှားရလောက်တဲ့ ဧငြိမ်းဖြူရဲ့ချစ်စရာပုံရိပ်လေး

ပရိသတ်ကြီးရေ ဧငြိမ်းဖြူလေးကတော့ ဘိုမရုပ်လေးနဲ့တူတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ဆိုရမှာပါ။ Cover Dance တွေလည်းကလေ့ရှိတဲ့သူလေး ဖြစ်ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီလို့ဆိုရမှာပါ။

သူမရဲ့အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူ့အချစ်တော် နိုင်ငံကျော်အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၄)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွဲလေးတစ်တွဲလို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲကာ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲဘဝလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ဧငြိမ်းဖြူဟာ ဆောင်းရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်လေးကိုဝတ်ဆင်ကာ ကိုရီးယားမလေးလို့တောင်အထင်မှားရလောက်တဲ့ အလှပုံလေးတွေကိုတင်လာခဲ့တာပါ။

ချစ်တဲ့သူမရဲ့ပရိသတ်လေးတွေကတော့ စတိုင်ုင်အမိုက်စားနဲ့လှနေတဲ့ ဧငြိမ်းဖြူကို ချစ်မဝတဲ့ မှတ်ချက်တွေပေးနေကြတာပါ။ ပရိသတ်တွေလည်း ဧငြိမ်းဖြူကို ချစ်ရင်မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။
Credit – Cele Gabar

Add a Comment

Your email address will not be published.