အဝေးပစ် နဲ့ ဆော်ခံလိုက်ရတဲ့ မုံရွာ စစ်ဌာနချုပ်ဝင်း(ရုပ်သံ)


ရန်ကုန်၊ ဒီဇင်ဘာ ၂၂


PDF မဟာမိတ် ၇ဖွဲ့က အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း အဆိုပါ PDF တပ်ဖွဲ့များထံမှ သိရသည်။






credit#

unicode

မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်း အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို ဒီဇင်ဘာလ ၂၂ရက်နေ့ ညနေ ၃ နာရီခန့်က

PDF မဟာမိတ် ရဖွဲ့က အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း အဆိုပါ PDF တပ်ဖွဲ့များထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် Ninja(ဘုတလင်)၊ လျှပ်စီး(ဘုတလင်)၊ ဒုံးပျံ(ဘုတလင်)၊ Three Tiger (ဘုတလင်)၊

ယမ်းဘီးလူး(ဘုတလင်)နှင့် လှော်တက်အင်အားစု (126)(အရာတော်)၊ Zero Fighter (ဒီပဲယင်း)စသည့် PDF မဟာမိတ်(၇)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အနောက်မြောက်တိုင်း စစ်ဌာချူပ်မုံရွာ (နမခ)ကို ကျွန်တော်တို့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်ခဲ့တယ်။

စကစဘက်က နှစ်ယောက်ထိခိုက်ကျဆုံးတယ်လို့ သတင်းရရှိတယ်။ နောက်ထပ် ထိခိုက်ကျဆုံးမှုကိုတော့

ကျွန်တော်တို့ အတိအကျတော့ မသိရသေးပါဘူး” ဟု PDF တပ်ဖွဲ့ဝင် ၁ဦးကပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.

*