စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲပီးနောက် ရွာလုံးကျွတ် မီးတင်ရှို့နေ

Breaking News- စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ဗုံးက်ဲၿပီးေနာက္ ကေလးၿမိဳ႕၊ နတ္ေခ်ာင္းေက်းရြာကို စစ္တပ္က ရြာလုံးကၽြတ္ မီးတင္ရွို႔ေန

ရန္ကုန္၊ ဒီဇင္ဘာ ၂၃

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ နတ္ေခ်ာင္းေက်းရြာကို စစ္ေကာင္စီတပ္က စစ္ရဟတ္ယာဥ္မ်ားျဖင့္ ပစ္ခတ္ဗုံးက်ဲၿပီးေနာက္ ယေန႔ ညေန ၅ နာရီေက်ာ္အခ်ိန္မွစတင္ၿပီး ရြာလုံးကၽြတ္မီးတင္ရွို႔ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“စစ္တပ္က ရြာထဲဝင္ၿပီး တစ္ရြာလုံးကို မီးတင္ရွိုေန႔ၿပီ။ အခုပဲ။ မီးေတြလည္း ေလာင္ေနၿပီ” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ေဒသခံျပည္သူ႔ကာကြယ္ေရးတ္ပဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားေနေသာ ကေလး-ဂန႔္ေဂါ လမ္းပိုင္းရွိ နတ္ေခ်ာင္းေက်းရြာသို႔ စစ္ေကာင္စီက

ယေန႔ ဒီဇင္ဘာလ ၂၃ ရက္ မြန္းလြဲပိုင္းတြင္ Mi35p အမ်ိဳးအစား တိုက္ခိုက္ေရးရဟတ္ယာဥ္ အသုံးျပဳၿပီး ေလေၾကာင္းမွတဆင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

“နတ္ေခ်ာင္းမွာ ပိတ္မိေနသူေတြ ရွိတယ္၊ ထိကုန္ၿပီ၊ ဘုန္းႀကီးေက်ာင္းေတြပါ ထိကုန္ၿပီ၊ အေသအေပ်ာက္ေတာ့ မသိေသးဘူး” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ဆိုသည္။

“တိုက္ပြဲျဖစ္ၿပီးေတာ့ စစ္ေကာင္စီဘက္က စနိုက္ပါသမား ၁ ေယာက္ ဒီဘက္က ပစ္တာခံရၿပီး ေသတယ္၊ အဲဒီမွာ ၂ နာရီေလာက္ကစၿပီး နတ္ေခ်ာင္းရြာထဲကို ရဟတ္ယာဥ္နဲ႔ ပစ္ေတာ့တာ၊

ျပည္သူအခ်ိဳ႕ ထိခိုက္တာရွိတယ္လို႔ ၾကားတယ္၊ အတိအက်ေတာ့ မသိဘူး” ဟု ကေလးသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အဆိုပါေဒသတြင္ ဆက္သြယ္ေရးဖုန္းလိုင္းမ်ားပါ ျဖတ္ပစ္ထားၿပီး ယေန႔တြင္ ေအာ္ရီဒူးဖုန္းလိုင္းသာ ဆက္သြယ္လို႔ရေတာ့ ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ကေလး-ဂန႔္ေဂါလမ္းပိုင္းတြင္ စစ္ေကာင္စီတပ္ႏွင့္ PDF Kalay၊ CNDF ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ႏွစ္ဖက္က်ဆုံးစာရင္းအား ကနဦး မသိရွိရေသးေပ။

နတ္ေခ်ာင္းေက်းရြာအတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ Mi35p ရဟတ္ယာဥ္သည့္ ယေန႔ မြန္းလြဲ ၃ နာရီ ၁၅ မိနစ္ခန႔္တြင္ ကေလးၿမိဳ႕ေလဆိပ္သို႔ ဆင္းသက္လာေၾကာင္းလည္း သိရွိရသည္။

unicode

Breaking News- စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက် ကလေးမြို့၊ နတ်ချောင်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက် ယနေ့ ညနေ ၅ နာရီကျော်အချိန်မှစတင်ပြီး ရွာလုံးကျွတ်မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စစ်တပ်က ရွာထဲဝင်ပြီး တစ်ရွာလုံးကို မီးတင်ရှိုနေ့ပြီ။ အခုပဲ။ မီးတွေလည်း လောင်နေပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတ်ပဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက

ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“နတ်ချောင်းမှာ ပိတ်မိနေသူတွေ ရှိတယ်၊ ထိကုန်ပြီ၊ ဘုန်းကြီးကျောင်းတွေပါ ထိကုန်ပြီ၊ အသေအပျောက်တော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။

“တိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်က စနိုက်ပါသမား ၁ ယောက် ဒီဘက်က ပစ်တာခံရပြီး သေတယ်၊ အဲဒီမှာ ၂ နာရီလောက်ကစပြီး နတ်ချောင်းရွာထဲကို ရဟတ်ယာဉ်နဲ့ ပစ်တော့တာ၊

ပြည်သူအချို့ ထိခိုက်တာရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိဘူး” ဟု ကလေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်းများပါ ဖြတ်ပစ်ထားပြီး ယနေ့တွင် အော်ရီဒူးဖုန်းလိုင်းသာ ဆက်သွယ်လို့ရတော့ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF Kalay၊ CNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးစာရင်းအား ကနဦး မသိရှိရသေးပေ။

နတ်ချောင်းကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ Mi35p ရဟတ်ယာဉ်သည့် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကလေးမြို့လေဆိပ်သို့ ဆင်းသက်လာကြောင်းလည်း သိရှိရသည်။

Add a Comment

Your email address will not be published.