အဖိုး ဒုက္ခရောက်နေချိန်ဆို…သား ရောက်ရောက်လာတယ်နော်
|အဖိုး အသက်(၇၁)နှစ်….
အကြောင်းအမျိုးမျိုးကြောင့် မိသားစုနှင့် လမ်းခွဲခဲ့တာ (၁၃)နှစ်ကျော်ပါပြီ
အဖိုးရေ…Mask လေး အားပေးချင်လို့ပါ
လာပြီ သားရေ…တခု (၅၀)ကျပ်ပါ သားရေ… ဘယ်နှခု ယူမလဲ (အားပေးချင်တယ်ဆိုတော့…အတော် ပျော်သွားတယ် )
ဟုတ် အဖိုး…(၂)ခု ယူမယ်နော်…
ဒါနဲ့ သားကို မှတ်မိလား ??
(အဖိုး အတော်စဉ်းစားတယ်…mask ချွတ်ပြမှ)
ဟာ…သားကို မှတ်မိပြီ…အဖိုး ဒုက္ခရောက်ချိန်ဆို…သား ရောက်ရောက်လာတယ်နော်
ဟုတ် အဖိုး…ဘာများ ဖစ်လို့လဲ ??
အဖိုး လကုန်ပေးစရာ အိမ်လစာ စုတာ မရသေးပါဘူးသားရယ်…အရောင်းဝယ်ကလဲ ပါးတယ်…သိပ်မဝယ်ကြဘူး
အော…ဟုတ်…ဘယ်လောက်မလို့လဲ အဖိုးရဲ့??
တလ (၅)သောင်း သား…လျှပ်စစ်မီးဖိုးက (၁)သောင်း ပေးရတယ် သား
အော…ဒါနဲ့ သား ခုနက mask (2)ခု ယူထားတယ်နော်
ဟုတ်တယ် သား…(၁၀၀)ကျပ်ပဲ ကျတာပါ…သား အဆင်ပြေသလောက်လေး အဖိုးကို ကူညီပေးခဲ့ပါလား ??
ဟုတ် အဖိုး….mask (1)ခု (၅၀)ကျပ်နော်….
ဟုတ်တယ် သား…(၅၀)ပါ
သား mask (1)ခုကို (၅)သောင်းနဲ့ ပေးဝယ်မယ်ဗျာ…(2)ခုဆို (၁)သိန်းပေါ့…
ရော့ အဖိုး…100,000 Ks အဖိုး စိတ်မညစ်နဲ့တော့…လိုတာ သုံးနော်
ဝမ်းသာလိုက်တာ…အဖိုး အခု ပြန်တော့မယ်… တခါတည်း သွားပေးမယ်
တကယ် ကျေးဇူးတင်ပါတယ် သားရယ်…ဒုက္ခရောက်လို့ စိတ်ညစ်နေချိန်ဆို သားရောက်ရောက်လာတတ်တယ်နော်
ဟုတ် အဖိုး…ရပါတယ်…နေပူတယ် အိမ်ဂရုစိုက်ပြန်နော်
အဖိုး ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ပွိုင့်မှာ သွားအားပေးလို့ရပါတယ်
(ကျနော်နဲ့အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ် ဗျ )
•အဖိုး ပျော်သွားတာလေး မြင်တော့…ကျနော်တို့လဲ ပျော်ရပါတယ် ဗျ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437