“ခိုးသယ်လာတဲ့ ကျောက်စိမ်းတုံးတွေကို PDF က ဖမ်းဆီးပြီး NUG အစိုးရထံ လွှဲပြောင်းပေးအပ်”

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ချင်းတွင်းမြစ်အတွင်းတွင် ကျော်ကစိမ်းများ တရားမဝင် သယ်ဆောင်မှုကို PDF က ဖမ်းဆီးပြီး NUG အစိုးရထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က သတင်းထုတ်ပြန်သည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်းက ချင်းတွင်းမြစ်ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လွန်ခဲ့သောရက်အနည်းငယ်အတွင်း တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းဖလက်ခွံအပါအဝင် ရေယာဥ် ၁၁ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။

ချင်းတွင်းမြစ်ကိုအသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူစောထီး၊ သတင်းပေးဒလန်နှင့် စစ်ကောင်စီ တို့ အတွက် ရိက္ခာများ၊ ခဲယမ်းလက်နက်များ သယ်ယူနေခြင်း၊ ရေကြောင်းကိုအသုံးပြု၍ စစ်ကောင်စီက နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြခြင်း တို့ကြောင့် PDF က ရေကြောင်းစိုးမိုးရေး လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထိုသို့ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်ကြရင်း တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်ဆီးရရှိခဲ့ပြီး NUGတာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ NUG အစိုးရထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း၊

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း၁ အနေဖြင့် ရေ ကြောင်းစိုးမိုးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင် သစ်ဝါးများ သယ်ယူနေခြင်း၊ ကျောက် မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ ထိန်းသိမ်းခြင်း၊ဖျက်ဆီးခြင်း၊NUG ထံအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published.