အမျိုးသားညီညွတ်ရေးအစိုးရ က ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်ရောက် စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်အချို့အား ကူညီထောက်ပံ့

ဒီဇင်ဘာလ ၂၂ ရက်နေ့။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသူ ပြည်သူဦးရေဟာ တစ်နေ့ထက် တစ်နေ့ များပြားလျက်ရှိနေပါတယ်။

ထိုသို့ စစ်ဘေးလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်များကို ပြည်ဆည်းပေးနိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားညီနောင်တွေ နဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေများစွာက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာဆိုရင်လဲ ကူညီထောက်ပံ့မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်ကော်ကင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်လာသူ ၁၅၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အရေးပေါ်လိုအပ်တဲ့အသုံးအဆောင်တွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နောက်ရက်တွေမှာလဲ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှုတွေ ထပ်မံရောက်ရှိဦးမှာဖြစ်တယ်လို့ သိရပါသည်။

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.

*