အသက်ရှင်နေသရွေ့ သားကိုနှမြောတသစိတ်နဲ့ ငိုကြွေးနာကျင်နေရဦးမယ်ဆိုတဲ့ ခင်မြတ်မွန်

အဆိုတော်ရေမွန်ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ နယ်စပ်ဒေသမှာ စစ်သင်တန်းသွားတက်ရာမှ မမျှော်လင့်ထားတဲ့ ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်ပြီးတဲ့နောက်မှာ မိခင်ဖြစ်သူ အဆိုတော် ခင်မြတ်မွန်နဲ့တကွ ပရိသတ်တွေ၊ သူငယ်ချင်းတွေအားလုံးက နှမြောတသစိတ်နဲ့ ဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့ (၂၃) ရက်နေ့ကတော့ ရေမွန်ကွယ်လွန်ခြင်း (၆) လပြည့်နေ့ဖြစ်ပြီး မိခင်ခင်မြတ်မွန်ကတော့ သားဖြစ်သူကို လွမ်းဆွတ်သတိရတဲ့အကြောင်းတွေကို အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။

“၆ လပြည့်ပြီတဲ့..😥နေ့စဉ် ရက်ဆက် တစ်ရက်မှမပျက် လွမ်းဆွတ်နာကျင် ကြေကွဲခဲ့ရပြီးပြီ တွတ်ပီရေ… နောက်ထပ်လဲ အသက်ရှင်နေ အသက်ရှုနေသရွေ့ သားကို နှမြောတသစိတ်၊ သတိရစိတ်တွေနဲ့ ဆက်လက်ငိုကြွေး နာကျင်နေရဦးမှာ အသေအချာပါ။ ဘယ်အချိန်ထိလဲ…ဆိုတော့ ပြန်ဆုံကြချိန်ထိပေါ့..ချစ်တယ်..တွတ်ပီ 💕💕💕” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့ပါတယ်။

ခင်မြတ်မွန်ကတော့ သားကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ပီပီ နေ့စဉ်နေ့တိုင်း သောကများစွာနဲ့ သတိရနေရတာပဲဖြစ်ပါတယ်။ ရေမွန်ကလည်း အခုဆိုရင် မေမေနဲ့ညီမလေး ပြုပေးတဲ့ ကုသိုလ်တွေကြောင့် ကောင်းမွန်တဲ့နေရာတစ်ခုကို ရောက်ရှိနေပြီဆိုတာ သေချာပါတယ်။

Source: Khin Myat Mon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*