၂၀၂၂ ခု တနင်္လာ သားသမီးများအတွက် (၁)နှစ်စာဟောစာတန်း..



ဤနှစ် မရှိဘူးသေးသော အဖိုးတန်းပစ္စည်းနှင့် စည်းစိမ်ဥစ္စာကို ရရှိနိုင်ခြင်း၊ အထွဋ်အထိပ်ရှောက်ရှိနေသူများသည်လည်း လောကုတ္တရာပါရမီ ဖြည့်ဆည်းခြင်းဖြင့် မဟာကုသိုလ်ရှင်များ ဖြစ်ရတတ်သည်။ မကြာခဏခရီးသွားရကိန်းရှိသည်။


သူတော်ကောင်း နတ်ဒေဝရ နတ်ကောင်းမ,စသကဲ့သို့ ကူညီမည့်သူ စောက်ရှောက်မည့်သူ ပေါ်ပေါက်လာပါမည်။ မိမိတို့၏ အတိတ်ဘုန်းကံ

ပါရမီပါရှိသူဖြစ်လျှင် ယခုနှစ်တွင် အလိုဆန္ဒပြည်ဝနိုင်သည်။ ရာထူး၊ရာခံ ချီးမြှင့်ခံရခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများရရှိနိုင်သည်။

အပေါင်းအဖော်၊ခင်မင်ရင်နှီးရသောသူမိတ်ဆွေမျနှင့် မရောက်ဖူးသောနေရာဒေသ၊ရပ်ခြား ရောက်ရှိမည်။ မမျော်လင့်ဘဲ ငွေးကြေးများဝင်ရောက်ခြင်း၊ထီပေါက်ခြင်းများရှိမည်။

မိဘများ ဤနှစ် မှောင်ခိုလောဘသား၊ လူကုန်ကူး ဒုစရိုက် လုပ်ငန်းများ တွင်ကျယ်လုပ်ကိုင်လာနိုင် သည့်နှစ့်ကြောင့် မိဘညီအစ်ကိုများက

ကလေးနှင့် ငယ်ရွယ်အပျိူးရွယ်ပေါက် လူငယ်၊အပျိူရွယ်များကို အထူး ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည်။ (အမျိူးသမီးများနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်အား သတိပြုပါ။)

မြေပေါ်၊မြေအောက် အခွင့်ရေးသမားများ အချင်းချင်း တိုက်ခိုက်ရုန်းရင်းဆန်ခတ်ဖြစ်တတ်ပါသည်။ ဦးစီး၊ ခေါင်းဆောင်များ အစားထိုးပြုပြင်ပြောင်းလဲခြင်းများ ဖြစ်လာတတ်သည်။

(15.4.2022 မှ 15.6.2022)အထိ လူမျိူးကွဲ၊ဘာသာကွဲများနှင့် လုပ်ငန်းစပ်တူပြုလုပ်လျှင် အောင်မြင်မည်။ ဦးတည်ချက်ပြောင်းလဲပြိး

လုပ်ငန်းများ လုပ်ရတတ်သည်။ သို့သော် အပြိုင်အဆိုင်များကြောင့် အနှောက်အယှက်များဝင်လာတတ်သည်။ အက္ခရာ – (ဟ.စ.လ.အ) အစပါ နာမည်နာမ်များနှင့်လုပ်ငန်းဆောင်ရွက်ခြင်းများ အထူးအကျိူးပေးမည်။

စားဝတ်နေရေအခက်အခဲရောက်နေသော လူသာမန်၊လူဆင်းရဲများ ၁၂.၇.၂၀၂၂ ထိုရက်နေ့စွဲ ကျော်လွန်ပါက ပြန်ကောင်းမွန်လာပါ

လိမ့်မည်။ ယခုနှစ်တွင် (3)လပိုင်း၊(8)လပိုင်း၊(10)လပိုင်း ထိုလများတွင် လုပ်ငန်းသစ်များတိုးချဲ့ခြင်း၊နေရာပြေားရွှေ့များနှင့် မည့်သည်ကိစ္စ လုပ်ငန်းများဆောင်ရွက်ခြင်း အထူးဂရုစိုက်ပေးပါ။

စီးပွားရေး

ကျောက်မျက်ရတနာလုပ်ငန်း၊ ကားအသင်းထောင်ခြင်း၊ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခြင်း၊ ခြံလုပ်ငန်းလုပ်ခြင်း၊ ပညာရေးနှင့်သက်ဆိုင်ရာ

ကျောင်းများ၊စာသင်ခန်းများ၊ ပွဲဖျော်ရေးလုပ်ငန်း၊ အလှပြင်မော်ဒယ်လုပ်ငန်း၊ရိူးပွဲအမျိူးမျိူး ပါတီပွဲခံလုပ်ငန်း၊ အခန်းနားကျင်းပရေးအတွက်ဝန်ဆောင်မှုလုပ်ငန်း၊ ထို့အပြင် အနှိပ်ခန်းများ၊

ကာရာအိုကေ သီဆိုမြူးတူးကခုန်ရ ရှိုးပွဲများ၊ အပျိူ၊လူပျိူများအတွက်အသုံးအဆောင်ပစ္စည်းများ၊ ကာမဂုဏ်နှင့်ဆက်စပ်လျက်ရှိနေသောပစ္စည်းများ၊ဆေးဝါးများအရောင်းအဝယ် ဖြစ်ထွန်း အကျိူးအမြတ်စွန်းကြီးမားစွာ ရရှိလိမ့်မည်။

စီးပွားရေးအလုပ်အကိုင်များ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုပါက ယခုနှစ်ကုန်ပိုင်း ၂၈.၂.၂၀၂၃ ထိုရက်နေ့စွဲ နောက်ပိုင်းတွင် စတင်အခြေကျလုပ်ကိုင်နိုင်ပါသည်။


အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊အုန်းဆီ၊အုန်းသီး၊အိမ်အလှဆင်လုပ်ငန်း၊ အိမ်ငှားလုပ်ငန်း၊တနဂ်နွေနံ အစစလုပ်ငန်းများ၊ သစ်၊သံ၊သွတ်၊သံဂဟေ၊သစ်သား,ပရိဘောဂ၊အသီးဝလံလုပ်ငန်း၊ သောကြာနံ အစစလုပ်ငန်းများ…)

ပညာရေး

ပညာရေးတွင် နိုင်ငံရပ်ခြားသို့ ပညာသင့်ယူခွင့်ရခြင်း အခွင့်အလမ်းများရရှိမည်။ ပြည်ပသို့ပညာရေး လေ့လာသင်ယူခွင့်ရခြင်း၊ဆွေမျိူးများ

ထောက်ပံ့ပေးခြင်းများရရှိမည်။ စာပေသင်ကြားလုပ်ကိုင်နေသူများ လူကြီး၊လူငယ်များ အားလုံးအတွက် အကျိူးမြတ်ခံစားရနိုင်သော နှစ်ဖြစ်သည်။

ထူးချွန်မည့် ပညာရှင်များ အလုအယှက်နှင့် ငွေအပိုကြေးမြင့်မြင့် ခေါ်ယူမြှောက်စားပါလိမ့်မည်။ ပညာရေးတွင် လုပ်ငန်းခွင်နှင့်ရောထွေးမှု

များ ဝင်လာတတ်သည်။ လေ့လာချိန် အထူးပြုလုပ်ပြိး ဝိရီယအားထုတ်ပြိးသင်ယူသင့်သည်။ မိမိကြိုးစားသော အသိပညာနှင့်အတတ်ပညာများကြောင့် တိုးတတ်၍ ဘဝပန်းတိုင်ဆွတ်ခူးနိုင်လိမ့်မည်။

အချစ်ရေး

အချစ်ရေးစန်းပွင့်၍ လူချစ်လူခင်များ၊ အကြွားသန်အံ့။ မိမိအိမ်ထောင်ရှင်များဖြစ်ပါက အချစ်ပဒေသာပင် ပေါက်သောနှစ်ဖြစ်သည်။ မိမိ

အိမ်ထောင်ရှင်များဖြစ်ပါက အချစ်ပဒေသာပင် ပေါက်သောနှစ်ဖြစ်သည်။ ငယ်ရွယ်သော လူပျိူ၊အပျိုရွယ်သူများ မိမိရည်မှန်းချက်

အကောင်အထည်ဖော်ဆောင်မပြနိုင်ဘဲ အချစ်ရေးမှ အိမ်ထောင်သည်ဘဝသို့ မရောက်ရလေအောင် ရုန်းထွက်သင့်သည်။

ကျန်းမာရေး

နာတာရှည်ရောဂါရှိနေသူများဖြစ်ပါက ကူးစက်ရောဂါ ကြိုတင်ကာကွယ်သင့်၏။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဦးစားပေးပါ။ လောကီအားရုံ

ကာမဂုဏ်လိုက်စားမိပါက တစ်ချက်တည်းဖြင့် မိမိဘဝပျက်၊မှောက်တတ်သည်။ ကျန်းမာရေး အအေးမီခြင်း၊ရေချိူးမှားခြင်း၊ခေါင်းကိုက်ခြင်း၊မီးကပ်ရောဂါ၊အဆုပ်အအေးမီခြင်း၊ခံတွင်းရောဂါဝေဒနာများ ခံစားရတတ်သည်။

ဤနှဈ တနလျာသားသမီးမြား အသကျ ၁၀နှဈ၊၁၅နှဈ၊၁၆နှဈ၊၂၄နှဈ၊၂၈နှဈ၊၂၉နှဈ၊၃၇နှဈ၊၄၂နှဈ၊၄၇နှဈ၊၄၈နှဈ၊၅၁နှဈ၊၅၆နှဈ၊၅၇နှဈနှဈတှေ့

က..အထူးအညံ၏။ ဆွေမျိူးများ၊မိမိလုပ်ဖော်ကိုင်ဖက်များအနှောက်ယှက်ပေးခြင်း၊ မနာလိုမှုများနှင့်ရင်ဆိုင်ရတတ်သည်။

ပျိူရွယ်သူများ အချစ်ရေးတွင် ချစ်လျက်နှင့်လမ်းကွဲရခြင်း၊ ဆုံးဖြတ်ချက်များမှားယွင်းမှုများနှင့် ကြုံရတတ်သည်။ အိမ်ထောင်ရှင်များ

ခေတ္တခဏခွဲခွာနေတတ်သည်။ အိမ်ထောင်ဖက်အမျိူးသားများ အပျော်အပါးလိုက်စားခြင်း၊ မိန်းမလိုက်စားခြင်း၊စနှိုက်ကျော်မကြောင့်

အကျပ်ကိုင်၊အလျော့အစား၊စွတ်စွဲမှုအမျိူးမျိူးခံရကိန်းရှိသည်။ အိမ်ထောင်ရှင်များမိမိသာယာနေသော အိမ်ထောင် မိမိဂုဏ်သိက္ခာကျဆင်းခြင်း၊ မိသားစုသောကများ ဝင်လာတတ်သည်။

ထို့ကြောင်း အပျော်းအပါးလိုက်စားခြင်းနှင့် တခြား ဂဏ္ဍအကျင့်သိက္ခာချဆင်းစရာနေရာများ အထူး ရှောင့်သင့်၏။ ဒါဆို မိမိအိမ်ထောင်ရေး အထူးသာယာ၍ ပျောရွင်စရာမိသားစုပိုင်ဆိုင်လိမ့်မည်။

မိဘများ ဤနှစ် မှောင်ခိုလောဘသား၊ လူကုန်ကူး ဒုစရိုက် လုပ်ငန်းများ တွင်ကျယ်လုပ်ကိုင်လာနိုင်သည့်နှစ့်ကြောင့် မိဘညီအစ်ကိုများက

ကလေးနှင့် ငယ်ရွယ်အပျိူးရွယ်ပေါက် လူငယ်၊အပျိူရွယ်များကို အထူး ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည်။ (အမျိူးသမီးများနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်အား သတိပြုပါ။) ကျန်းမာရေး အနည်းညံသည်။

အထူးအဟော….လုပ်ငန်းကိစ္စများအတွက် တနဂ်နွေ၊သောကြာသားမီးများနှင့်လုပ်ငန်းဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ရလိမ့်မည်။

လူအများအပြား ထိခိုက် အနာတရ ရုန်းရင်းဆန်ခတ်ဖြစ်စေတတ်သောနေရာများကို အသွားအလာ သတိပြုပါ။

အနောက်တောင်အရပ်သို့ ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပေးပါ။

ငွေကြေးကိစ္စ၊စာချူပ်စာတမ်းများ၊အားမခံလက်မှတ်ထိုးခြင်း၊သက်သေလိုက်ပေးခြင်းများ ရှောင်ကြဉ်ပါ။

ယခုနှစ် 2022ခုတွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက် ရှင်သီဝလီဂါထာဂုဏ်တော်ရွတ်ဆိုပြိး ခရီးသွားခြင်း၊ မီး

ခိုရောင်၊ဖက်ဖူးရောင်၊အညိုရောင်၊ကြည်ပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်နဲ့ အသုံးပြုနိုင်ပါသည်။


ဘုရားစေတီဟောင်းများ ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ရောင်တော်ဖွင့်ခြင်း၊ အရှေ့ အရပ် လမ်းဘေးဝဲယာဘက်၌ လက်ပံ ပင် စိုက်ပျိူးခြင်းတို့ ပြုလုပ်ပါ။

အကျိူးပေးအက္ခရာ – (ဟ.အ.လ.စ)

အကျိူးပေးဂဏန်း – (၅.၃.၆.၈)

အကျိူးပေးအရောင် – မီးခိုရောင်၊ဖက်ဖူးရောင်၊ အညိုရောင်၊ကြည်ပြာရောင်

ဆောင်ရန် -အဖြူရောင်ရှိသော ပုလဲရတနာ ဝတ်ဆင်ပါ။

အကျိူးမပေးနေနံ – (တနဂ်နွေ၊သောကြာ)

အကျိူးမပေးအရပ် – အနောက်တောင်


ညွန့်၊ သက်ကယ်ညွန့်၊သြဇာညွန့်၊ကြံညွန့် (၉)ညွန့်စိ ငွေရောင်မြေအတာအိုးဖြင့် ဘုရားတွင်ကပ်လှူ၊ ဖယောင်တိုင် (၁၅)တိုင်၊အမွှေးတိုင် (၉)တိုင်ထွန်းပူဇော်၊ ရေတော်သက်စေ့လောင်းသပ္ပါယ်၊ လိုရာဆုတောင်းပါ။

ဗုဒ္ဓံပူဇေမိ ဓမ္မံပူဇေမိ သံဃံပူဇေမိ နက္ခတဗေဒ ဗေဒင်နှင့်လက္ခဏာ ဆရာကြီး မင်းသူရ

credit all

Add a Comment

Your email address will not be published.