မိဘနှစ်ပါးရဲ့မင်္ဂလာသက်တမ်း (၃၉) နှစ်ပြည့်မှာ ဖေဖေမရှိတော့ပေမယ့် မေမေ့ကိုပျော်အောင်ထားဖို့ ကတိပေးလိုက်တဲ့ စိုပြေမြင့်

သရုပ်ဆောင် စိုပြေမြင့်ကတော့ MRTV-4 ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်မျိုးစုံမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ စိုပြေမြင့်ဟာ လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဒီနေ့ဒီအချိန်ထိ အောင်မြင်စွာရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့ကတော့ စိုပြေမြင့်ရဲ့ ဖေဖေနဲ့ မေမေရဲ့ မင်္ဂလာသက်တမ်း (၃၉) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။

မိသားစုရဲ့ အမှတ်တရနေ့လေးဆိုပေမယ့် စိုပြေမြင့်ရဲ့ ဖေဖေဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ကွယ်လွန်သွားခဲ့တာမို့ မိသားစုတွေမပြည့်မစုံဖြစ်နေရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် စိုပြေမြင့်က တစ်ယောက်တည်းကျန်တော့တဲ့ သူ့ရဲ့မေမေကို “၃၉နှစ်ပြည့်Anniversary မှာ အဖေမရှိတော့ပေမယ့် ကျန်တဲ့အချိန်တွေကို ပျော်အောင်ထားပေးမယ်နော် ချစ်ရသောမေမေ နီလာ😍😍😍” ဆိုပြီး မိခင်ဖြစ်သူကို အားပေးစကားပြောခဲ့ပါတယ်။

စိုပြေမြင့်ကတော့ ဖေဖေနဲ့ မေမေရဲ့ မိဘနှစ်ပါးရဲ့မင်္ဂလာသက်တမ်း (၃၉) နှစ်ပြည့်မှာ ဖေဖေမရှိတော့ပေမယ့် သားတစ်ယောက်အနေနဲ့ မိခင်ဖြစ်သူကို ပျော်ရွှင်အောင်ထားပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့တာပဲဖြစ်ပါတယ်။

Source: So Pyay Myint ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*