အေးနေဝင်းရဲ့ နိုင်ငံခြားဇိမ်ခံခရီးစဉ်မှာ ပါဝင်နေကြောင်း မထင်မှတ်ပဲ ဝန်ခံမိရက်သားဖြစ်သွားခဲ့တဲ့ ရွှေအိမ်စည်

Miss Supranational Myanmar 2018 Winner အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့မြေးဖြစ်သူ အေးနေဝင်းနဲ့ ချစ်ကြိုက်နေကြတာ တစ်နိုင်ငံလုံးသိပြီးသားဖြစ်မှာပါ။ အေးနေဝင်းဟာ မက်လောက်စရာရုပ်ရည်မျိုးလုံးဝမရှိပေမယ့် ငွေကြေးဥစ္စာကပြည့်စုံပြီးတာမို့ ရွှေအိမ်စည်ဟာ ချစ်သူအဖြစ်ရွေးချယ်ထားတယ်ဆိုတာလည်း ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ်ကပဲ အေးနေဝင်းနဲ့ လမ်းခွဲခဲ့တယ်လို့ ပရိသတ်ကိုအသိပေးပြီးဖြစ်တဲ့ ရွှေအိမ်စည်က အခုမှာတော့ အေးနေဝင်းသွားတဲ့ နိုင်ငံခြားဇိမ်ခံခရီးစဉ်မှာ ပါဝင်နေတယ်လို့ မထင်မှတ်ပဲ ဝန်ခံမိရက်သားဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ ရွှေအိမ်စည်နောက်ဆုံးတင်တဲ့ နိုင်ငံခြားခရီးစဉ်က ဓာတ်ပုံမှာ အေးနေဝင်းဟာ ရွှေအိမ်စည်ကိုဓာတ်ပုံရိုက်ပေးနေခဲ့ကြောင်း ရွှေအိမ်စည်ရဲ့အနောက်က မှန်သားပြင်ပေါ်မှာ ထင်ထင်ရှားရှားကြီးပေါ်လွင်နေတာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ဒူဘိုင်းမှာ အေးနေဝင်းနဲ့ ရွှေအိမ်စည်တို့လည်ပတ်နေတာကို မြန်မာလူမျိုးတစ်ယောက်က တွေ့မြင်ဓာတ်ပုံရိုက်ခဲ့ပြီး အဆိုပါဓာတ်ပုံထဲက အဝတ်အစားနဲ့ပဲ ရွှေအိမ်စည်က သူမရဲ့အင်စတာဂရမ်မှာပုံတင်ထားတာကိုလည်း တွေ့ရပါတယ်။ ရွှေအိမ်စည်ကတော့ အခုဆိုရင် အေးနေဝင်းရဲ့ ပြည်ပဇိမ်ခံခရီးစဉ်မှာ အတူတူလိုက်ပါပြီး တန်ဖိုးကြီးဟိုတယ်တွေမှာတည်း ဈေးကြီးအစားအသောက်တွေစားရင်း သုံးဖြုန်းဇိမ်ခံနေလျက်ရှိတယ်ဆိုတာ ဝန်ခံပြီးသားဖြစ်သွားတာကို တွေ့ရပါတယ်။

Source: Shwe Eain Si ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.