စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်လုပ်အားနဲ့ဖန်တီးထားတဲ့ ခရစ်စမတ်လက်ဆောင်တွေပေးဖို့ရှိတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေကနဲ့ လင်းလင်းကတော့ နိုင်ငံကျော် အနုပညာရှင်တွေလည်း ဖြစ်သလို လူမှုအကျိုးပြုဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားကြသူများ ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုးသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုလည်း ထောက်ခံအားပေးခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း လင်းလင်းနဲ့ ချစ်သုဝေတို့က ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်ဇနီးမောင်နှံပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအတွက်ရော စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ရံပုံငွေတွေရှာဖွေပေးဖြစ်နေတဲ့ ချစ်သုဝေက ဒီတစ်ခေါက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ခရစ်စမတ်လက်ဆောင်ပေးဖို့ ပြင်ဆင်နေပြီလို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။ ချစ်သုဝေက “ကိုယ့်လုပ်အားနဲ့ X Mas Present လေးတွေ.. စစ်ဘေးရှောင်ပြည်သူတွေ နွေးထွေးအဆင်ပြေစေဖို့ သဲတစ်ပွင့်တော့ဖြစ်ပါရစေ” ဆိုပြီး Story လေးတင်ထားတာဖြစ်ပါတယ်။

ချစ်သုဝေကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်လုပ်အားနဲ့ဖန်တီးထားတဲ့ ခရစ်စမတ်လက်ဆောင်တွေပေးဖို့ မေတ္တာအပြည့်နဲ့ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေပေးမယ့် ခရစ်စမတ်လက်ဆောင်လေးတွေက ဘာများဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်လုပ်အားနဲ့ဖန်တီးထားတဲ့ ခရစ်စမတ်လက်ဆောင်တွေပေးဖို့ရှိတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေကနဲ့ လင်းလင်းကတော့ နိုင်ငံကျော် အနုပညာရှင်တွေလည်း ဖြစ်သလို လူမှုအကျိုးပြုဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားကြသူများ ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုးသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုလည်း ထောက်ခံအားပေးခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း လင်းလင်းနဲ့ ချစ်သုဝေတို့က ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်ဇနီးမောင်နှံပဲဖြစ်ပါတယ်ယ။

နွေဦးတော်လှန်ရေးအတွက်ရော စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ရံပုံငွေတွေရှာဖွေပေးဖြစ်နေတဲ့ ချစ်သုဝေက ဒီတစ်ခေါက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ခရစ်စမတ်လက်ဆောင်ပေးဖို့ ပြင်ဆင်နေပြီလို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။ ချစ်သုဝေက “ကိုယ့်လုပ်အားနဲ့ X Mas Present လေးတွေ.. စစ်ဘေးရှောင်ပြည်သူတွေ နွေးထွေးအဆင်ပြေစေဖို့ သဲတစ်ပွင့်တော့ဖြစ်ပါရစေ” ဆိုပြီး Story လေးတင်ထားတာဖြစ်ပါတယ်။

ချစ်သုဝေကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်လုပ်အားနဲ့ဖန်တီးထားတဲ့ ခရစ်စမတ်လက်ဆောင်တွေပေးဖို့ မေတ္တာအပြည့်နဲ့ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေပေးမယ့် ခရစ်စမတ်လက်ဆောင်လေးတွေက ဘာများဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Source: Chit Thu Wai’s fb

Add a Comment

Your email address will not be published.