မူးယစ်ဆေးဝါးထွက်ဝယ်သည့်စကစတပ်သားတစ်ဦးကနီမဟာမိတ်တပ်ပေါင်းစုမှသက်သေခံပစ္စည်းများနှင့်လက်ကိုင်ဖုန်းအတွင်းကဓာတ်ပုံများနှင့်အတူဖ.မ်းဆီးရမိ

အဆုံးတွင်Videoဖိုင်ပါသည်

မူးယစ်ဆေးဝါးထွက်ဝယ်သည့်စစ်ကောင်စီတပ်သားတစ်ဦးချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစုမှ

သက်သေခံပစ္စည်းများနှင့်လက်ကိုင်ဖုန်းအတွင်းကဓာတ်ပုံများနှင့်အတူ ဖမ်းဆီးရမိ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ဘန့်ဘွေးကျေးရွာကိုယမန်နေ့ဒီဇင်ဘာ၁၉ရက်မှစတင်၍ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများ

တပ်စွဲထားပြီးဒီဇင်ဘာ၂၃ရက်နေ့မွန်းလွှဲပိုင်းတွင်မူးယစ်ဆေးဝါးထွက်ဝယ်သည့်စစ်ကောင်စီတပ်သားတစ်ဦးကိုသက်သေခံပစ္စည်းများနှင့်လက်ကိုင်ဖုန်းအတွင်းက

ဓာတ်ပုံများနှင့်အတူချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်းပြည်သူ့သတင်းမီဒီယာRNAမှသိရသည်။

အပြင်သို့မူးယစ်ဆေးဝါးထွက်ဝယ်သည့်စစ်ကောင်စီတပ်သားသည်ချင်းတွင်းတံတားအနောက်ဖက် ၅မိုင်ဂိတ်နှင့်ဘန့်ဘွေးရွာမကြားတွင်ပနီဆလင်ဗူးဖြင့်

မူးယစ်ဆေးဝါးများနှင့်အတူ၎င်း၏လက်ကိုင်ဖုန်းမှတဆင့်ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်များကိုမီးရှို့ဖျ.က်ဆီးထားသည့်

ဓာတ်ပုံများနှင့်တကွဖမ်းဆီးရမိခဲ့ကြောင်းချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ကြေညာလိုက်သည်။

မူးယစ်ဆေးဝါးများနှင်အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှစစ်ဆေးမေးမြန်းကြည့်ရာ၎င်းသည်မုံရွာမြို့အခြေစိုက်အိုးဘိုတောင်တည်ခိုးရေးရိပ်သာ အမှတ်(၅)မှ

တပ်သားမောင်ဝေမင်းသူ(ကိုယ်ပိုင်အမှတ်၅၀၇၁၉၄)ဟုသိရှိရပြီးသက်ဆိုင်ရာဌာနအသီးသီးသို့ချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစုမှ

လွှဲပြောင်းအပ်နှံလိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။Videoချိုမိုင်မိုင်ယင်းမာပင်ကနီမဟာမိတ်တပ်ပေါင်းစု

Videoကြည့်ရန်

Add a Comment

Your email address will not be published.