အားပေးခဲ့ကြတဲ့ ပရိသတ်တွေ မမှတ်မိနိုင်လောက် အောင်ကို ပြောင်းလဲ သွားတဲ့ မင်းသမီး ဖြိုးသံသာချို…
Credit
Unicode
အားပေးခဲ့ကြတဲ့ ပရိသတ်တွေ မမှတ်မိနိုင်လောက် အောင်ကို ပြောင်းလဲ သွားတဲ့ မင်းသမီး ဖြိုးသံသာချို…
ဂျီဟောသူ ဇာတ်လမ်းတွဲမှာ ဗရုတ်ကျတဲ့ ကျောင်းသူလေး ဝေေ၀အဖြစ် ချစ်စဖွယ်သရုပ်ဆောင်ပုံလေးတွေကြောင့် အားပေးတဲ့ပရိသတ်တွေများပြားလာခဲ့တယ်လို့ဆိုရမှာပါ။ စက်မှုတက္ကသိုလ်ကျောင်းသူ အဖြစ် ဆံပင်ကောက်ကောက်လေးနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဖြိုးသံသာချိုကတော့ လတ်တလောမှာ ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အမိုက်စားလှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။
သူမဟာ အရင်ကလည်း မိုးကောင်းကင်အိပ်မက် ဆိုတဲ့ဇာတ်ကားမှာ ဂျမ်းပုံဆိုတဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့သူပါ။တစ်ချိန်တုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ “ဆည်းဆာ ရင်ခုန်သံ ” ဇာတ်ကားထဲက ဟိုယွန်မီ ဆိုတဲ့ ဇာတ်ကောင်လိုပဲ ဗီလိန်နေရာမှာ သရုပ်ဆောင် ပီပြင်လွန်းသူလေး မို့ ပရိသတ် တစ် ချို့ ကတော့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်ကြောင့် သူမကိုမြန်မာပြည်ရဲ့ ဟိုယွန်မီ လို့ တောင် တင်စားနေကြပါသေးတယ်။
အလန်းရိုက်ထားတဲ့ ပုံတွေကို တင်ပေးလာရင်း “ဝေဝေတော့ မဟုတ်ဘူးနော်😊 ပြောင်းလဲဖို့အချိန်တန်ပြီဆိုတော့ ပြောင်းလဲ ရတော့မှာပေါ့ ” ဆိုတဲ့ Caption လေးနဲ့ ချစ်တဲ့ ပရိသတ်ေ တွကို တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ အရမ်းလှတဲ့ ပုံလေးတွေ တင်ပေးလာတဲ့ ဖြိုးသံသာချိုကို ပရိသတ်ကြီး အားပေးကျမယ်လို့ မျှော်လင့်ပါ တယ်နော်။
Credit
Add a Comment
Your email address will not be published.