စစ်ဘေးရှောင်တွေ အတွက် ရှူတင်အဝတ်အစားလေးတွေကို ရောင်းချပြီး ရန်ပုံငွေရှာသွားမယ့် နန်းမြတ်ဖြိုးသင်း…

ရှူတင်အဝတ်အစားလေးတွေကို ရောင်းချပြီ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာသွားမယ့် နန်းမြတ်ဖြိုးသင်း…




Credit

Unicode
စစ်ဘေးရှောင်တွေ အတွက် ရှူတင်အဝတ်အစားလေးတွေကို ရောင်းချပြီး ရန်ပုံငွေရှာသွားမယ့် နန်းမြတ်ဖြိုးသင်း…

ဆရာဝန်မလေးတစ်ယောက်ဖြစ်သလို အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ အနုပညာလုပ်ငန်းတွေမှာအောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး ဂျက်ဂျက်ကို ပိုင်ဆိုင်ထားရပြီပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ အမျိုးသားက ပြီးခဲ့တဲ့လပိုင်းအတွင်းက ကွယ်လွန်သွားခဲ့တာမို့ နန်းမြတ်ဖြိုးသင်းက သူမရဲ့ကျန်ရှိတဲ့ဘဝကို သားနဲ့သမီးကို အကောင်းဆုံးပြုစုစောင့်ရှောက်ရင်းဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးကလည်းကောင်းမွန်တဲ့ နန်းမြတ်ဖြိုးသင်းက ဒီတစ်ခါမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြုလုပ်မယ့် သူမရဲ့ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “စစ်ဘေးရှောင်တွေ အတွက်အများကြီး လှူချင်လို့နန်းမြတ်ရဲ့ ရှုတင်ရိုက်ထားတဲ့ တခါဝတ်၊ ၂ခါဝတ် င်္အကျီလေးတွေကို groupလေးလုပ်ပြီးရောင်းချင်ပါတယ်။ ဈေးလဲ၅၀၀၀ပတ်ချာလည်လောက်နဲ့ရောင်းပါမယ်။ ဝယ်ပေးကြပါဦးနော်🙏🏼🙏🏼🙏🏼 အင်္ကျီတွေဓာတ်ပုံရိုက်ပြီး group လုပ်ပြီးရင် ကြေငြာပေးပါမယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သူမရိုက်ကူးရေးလုပ်စဉ်က တစ်ခါ၊ နှစ်ခါသာဝတ်ထားတဲ့ အဝတ်အစားတွေကို ရောင်းချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေလှူဒါန်းဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published.