ပုလဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်နဂါးအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သည့်(ရုပ်သံ)




ရန်ကုန်၊ ဒီဇင်ဘာ ၂၄









unicode

ပုလဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်နဂါးအဖွဲ့က ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သည့်(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

ပုလဲတွင် PDF များ၏ ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး၊ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့်

ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ပုလဲမြို့တောင်ဘက်ရှိ ကံပေါက်ရွာနှင့် ညောင်ကုန်းရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်၃နာရီဝန်းကျင်ခန့်က

ဗိုလ်နဂါးဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားရာ

စစ်ကောင်စီတပ်သား၂ဝကျော်ထက်မနည်းသေဆုံးခဲ့ပြီး ၁ဝဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်

ပစ်ခတ်သော်လည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး

ထောင်နှင့်ချီသော ပြည်သူများက PDF တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ အောင်သပြေပန်းနှင့်ကြိုဆိုခဲ့ကြသည်။

Video Player

Be the first to comment

Leave a Reply

Your email address will not be published.


*