မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စခက ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးကျေး ရွာအုပ်စု၊ပိတိုင်ရွာအနီး

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်များလိုက်ပါလာသောယာဉ်တန်းကို ယနေ့နံနက် ၄ နာရီတွင်

စစ်ကောင်စီတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ကုန်တင်ကားဆရာတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော

ခရီးသည်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ခရီးသည်ယာဉ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး စစ်တပ်က သေနတ်ကျည် ဆယ်ချက်ခန့် ကားတွေကို ဆက် တိုက်ပစ်တယ်။

ခရီးသည်တင်ကားတွေဖြစ်တဲ့ ရတနာတိုး၊ မန္တလာမင်းနဲ့ တွဲကားအပစ်ခံရတယ်။

တွဲကားဆရာပွဲချင်းပြီး ဆုံးတယ်။ မန္တလာမင်းကားဆရာ ထိတယ် စိုးရိမ်ရတယ်။

ရတနာတိုးက ခရီးသည် ၂ယောက်ထိတယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ပစ်ပြီး PDF က ပစ်သလို ပုံစံမျိုး အကွက်ဆင်ပစ်တာဗျ။

PDF က ခရီးသည်တင်ကား ပစ်စရာလည်း အကြောင်းမရှိဘူး” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

crd

unicode










တှဲကားဆရာပှဲခငြျးပွီး ဆုံးတယျ။ မန်တလာမငျးကားဆရာ ထိတယျ စိုးရိမျရတယျ။




crd

Be the first to comment

Leave a Reply

Your email address will not be published.


*